Part 32
(3) years later
နွေတွေ မိုးတွေထပ်ခါထပ်ခါပြောင်းလဲလာခဲ့ပြီ...
အလွမ်းတွေကလည်း အဆွေးအနေနဲ့ပြောင်းလဲသွားကြပြီ..
ကျုပ်အမုန်းတွေကလည်း ပြောင်းလဲသွားကြပြီ..
အနားမှာရှိတုန်း အချစ်ဆိုတာနားမလည်ခဲ့တာ ကျုပ်အမှားလား??
ဟမ့်! ခုထိလည်း အချစ်ဆိုတာကျုပ်မသိသေးပါဘူး...အရင်ချိန်တွေကသာ "အချစ်ကဘယ်မှာလဲ"လို့ ကျုပ်ကိုလာမေးရင် ပြန်ဖြေမိမှာက ကျုပ်အချစ်ကအဂျီဆိုပြီးပေါ့ ..ဒါမယ့် အဲ့ဟာကအမှန်တရားဖြစ်နိုင်ပါ့မလား ကျုပ်ချစ်ပါတယ်ဆိုတဲ့သူနဲ့ရှိခဲ့ဘူးတဲ့အမှတ်တရတွေက ကျုပ်မုန်းတဲ့သူနဲ့အတူဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေလောက် ကျုပ်ခေါင်းထဲမှာ ရှိမနေဘူး.!
ချစ်မှန်းမသိ ချစ်နေတာတာကို အချစ်လို့ခေါ်လား? မြတ်နိုးမှန်းမသိ မြတ်နိုးနေမိတာကို အချစ်လို့အဓိပ္ပါယ်ဖွင့်ဆိုလား? လွမ်းမှန်းမသိ လွမ်းနေမိတာကို အချစ်ဆိုပြီး ပြောလို့ရလား? ဒါတွေသာအချစ်လို့ပြောလို့ရမယ်ဆို ကျုပ်သူ့ကိုချစ်မိနေပြီ..အဝေးတနေရာကို ကျုပ်မဟုတ်တဲ့ တခြားသောသူနဲ့ပြေးထွက်သွားတဲ့ သူ့ကိုကျုပ်အရမ်းချစ်မိနေပြီ...ဒါတွေ သိရတဲ့အချိန်ကနောက်ကျသွားသလား? နောက်မကျပါဘူး!!သူကသာ ကျုပ်အဖြေကိုမစောင့်နိုင်ခဲ့တာ! တနေ့နဲ့တနေ့ ပိုပြီးမျှော်လင့်ချက်မဲ့လာတဲ့ ကျုပ်ဘဝ! ပျောက်ချင်းမလှပျောက်သွားတဲ့ခင်ဗျားရယ်..ကျုပ်ကိုသေစေချင်နေတဲ့အလား ကျုပ်ရှေ့မှာ ခင်ဗျားခြေမှုန်တမှုန်တောင်မမြင်ရတော့ပါလား?
ဘဝပေးကံမကောင်းတဲ့ ကျုပ်ဘဝက အတိတ်ကချစ်သူကိုလည်း ရှုံးခဲ့တယ်..
ခင်ဗျားကိုလည်း ရှုံးခဲ့တယ်!
အချစ်ကိုလည်း ရှုံးခဲ့တယ်..အားလုံးက ကျုပ်ဆီမှာ အရှုံးတွေကြည့်သာရယ်...
ပြန်လာခဲ့ပါလို့ တောင်းဆိုခွင့်ရှိမလား? အဲ့နေ့ကသာ ကျုပ်ခင်ဗျားကို ဖမ်းဆုပ်ထားခဲ့ရင် အခုကျုပ်တို့အတူတူရှိနေရမှာပေါ့နော့်!
ဇာတ်သိမ်းမလှတဲ့ ဇာတ်လမ်းတွေကို ကျုပ်ကသိပ်ကြိုက်ခဲ့တာ..ဒါမဲ့ကျုပ်တို့ ဇာတ်လမ်းကိုတော့ ဇာတ်သိမ်းလှစေချင်ပါရဲ့!!
မျှော်နေတက်ပြီ..ခင်ဗျားကိုချစ်မိကာမှ..ကျုပ်တောင်းတတက်ပြီ/ တခါမှ ဘုရားရှေ့ဖြတ်မလျှောက်ဘူးတဲ့ ကျုပ်ကဘုရားမှာဆုတွေထပ်ခါထပ်ခါတောင်းတက်နေပြီ..ဒါဟာအချစ်ကြောင့်များလားဟင်??
ESTÁS LEYENDO
HÂTÉ YØÛ { ÇÓMPLËTE }
Romanceဘာဇာတ်လမ်းလေး ဖြစ်မလဲ 🙃 ဖတ်ကြည့်ေပးကြပါနော် 👻 စိတ်ကူးရင် ဇာတ်လမ်းတပုဒ်ပါ idol imageထိခိုက်လိုခြင်းမရှိပါ 🙆🙆 ကူးယူရေးသားခြင်းမဟုတ်ပါ🙇 စရေးသည့်ရက်::: June 3, 2022 end date: :::::: 24.7.2022 ဘာဇာတ်လမ်းလေး ဖြစ်မလဲ 🙃 ဖတ်ကြည့်ပေးကွပါနျော စိတ်ကူးရ...