HATE YOU {9}

768 114 9
                                    

Part 9

ဂျောင်ကု ‌မနေ့ညက အတော်ညဉ့်နက်သွားသဖြင့် ယခု ၁၀နာရီကျော်မှနိုးလာသည်.. ဘေးကို လက်ဖြင့် စမ်းကြည့်တော့ ကိုယ့်ဘေးနားတွင် ဟိုဆော့မရှိတော့ပေ။ ရှုတ်ပွပြီးပွယောင်းယောင်းဖြစ်နေသည့် မျက်နှာ‌ေပါ်ကဆံပင်များအား အထက်သို့ပင့်သပ်ကာ ရေချိုးခန်းသို့သွားလိုက်သည်...

ရေချိုးခန်းထဲရောက်သည်နှင့် မှန်ရှေ့တွင်ရပ်၍ ညကအဖြစ်အပျက်အား ပြန်တွေးမိလေတော့ ကိုယ်ကိုအား ကျေနပ်အားရစွာ ခပ်ကျယ်ကျယ်အော်ရယ်လိုက်သည်...
ထို့နောက် မျက်နှာကို မြန်မြန်သစ်၍ ဗီရိုထဲမှ တွေ့ရာအဝတ်ကို ယူဝတ်ကာ ကားလေးဖြင့် တ‌စ်နေရာသို့ ဦးတည်ကာ မောင်းလိုက်သည်..

*********

ဟိုဆော့ မနက်၈နာရီထိုးတော့ နိုးလာသည်..ကိုယ့်အား ဖက်ထားကာအိပ်ပျော်နေသော ဂျောင်ကုအား ဖြစ်နိုင်ရင် သတ်ပစ်လိုက်ချင်ပေမယ့် အဲ့လောက်ထိကိုယ်ကသတ္တိရှိမနေသဖြင့် ကိုယ့်အပေါ်တင်ထားသည့် သူ့လက်ကိုဘေးသို့ဖယ်ထုတ်ကာ ထလိုက်မိသည်....

"အ့့့့့"
ရုတ်တရက်ထလိုက်တော့ ခါးအောက်ပိုင်းမှ နာကျင်ခြင်းနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်... ဟိုဆော့ နာကျင်မှုအား သည်းခံကာ ကြမ်းခင်းစကို ဆုပ်ကိုင်၍ ထပ်ထလိုက်သည်.. ဤမှာတော့ လှဲကျခြင်းမရှိတော့ပေ... အဝတ်တထည်မျှမကပ်သည့် ခန္ဓာကိုယ်အား ဂျောင်ကု၏ ဗီရိုထဲမှ အညိုရောင် အင်္ကျီနှင့် ကိုယ်နှင့်တော်မည်ထင်သည့် အဖြူရောင်မျော့ကြိုးဘောင်းဘီအား ယူဝတ်လိုက်သည်.. ကိုယ့်အဝတ်တွေက ရစရာမရှိအောင် စုတ်ပြဲနေပြီမို့သာ သူ့ဟာများ ယူဝတ်ရခြင်းဖြစ်သည်...မဟုတ်ရင် သူ့ပိုင်ဆိုင်သမျှအရာအားလုံးကို လက်ဖြင့်တောင်မထိချင်‌ေတာ့ပါ ထို့နောက် မနေ့ညက ကျခဲ့သည်ထင်သည့် ကြမ်းပြင်‌ေပါ်ကအပ်ကွဲနေသည့် ကိုယ့်ဖုန်းလေးအား ကိုင်၍ တံခါးကို အသာဖွင့်၍ ထွက်လာခဲ့လိုက်သည်...

********

ဟိုဆော့ taxiအချိန်အတန်ကြာငှားနေသော်လည်း ရပ်ပေးခြင်းမရှိ.. မတ်တပ်ရက်ရသည်က ခါးအောက်ပိုင်းက နာကျင်မှုကြောင့် ကောင်းကောင်းမရပ်နိုင်‌ေပ...ထို့‌ေကြာင့် ငုတ်တုပ်ထိုင်၍သာ စောင့်နေလေတော့ ကိုယ့်ရှေ့ရပ်လာသည့် ကားတစ်စီးး

HÂTÉ   YØÛ  { ÇÓMPLËTE }Tahanan ng mga kuwento. Tumuklas ngayon