ONE

693 66 9
                                    


UNI....

ပတ်ခ်ချန်းယောလ်..။ထိုနာမည်လေးအစား  မြတ်နိုးလွန်းလို့ *မောင်*ဟုတင်စားခေါ်ခဲ့သည်။မောင်ကတော့ ကျွန်တော်ကို *ခ‌ဗျား*တဲ့လေ။
ထိုနာမ်စား‌လေးက မောင်ကိုယ်တိုင်  ပေးထားသည့် သူစိမ်းဆန်‌သယောင်နှင့် ကျွန်တော်အတွက် နာမည်လှလှလေးပင်။

မောင်က ကျွန်တော်ကို သိပ်မုန်း၏။ကျွန်တော် ဘာလုပ်လုပ် မောင်က အပြစ်ပဲ မြင်သည်။ကျွန်တော် အရိပ်ကိုမြင်သည့်နှင့် မောင်ရဲ့မျက်ခုံးတွေက တွန့်ကြေသွားတတ်သည်။ပြီးတော့ ကျွန်တော်ကို ကုမ္ပဏီကို ခြေဦးမလှည့်ခိုင်း။မောင်ပဲဦးဆောင်းနေ၏။အကြံနှင့်ဆိုလည်း မမှား။အလုပ်ကြိုးစားပြီး အလုပ်မရှိလျှင် မနေနိူင်သည့်ကျွန်တော်ကို အပြစ်ပေးခြင်းဖြစ်သလို ကျွန်တော့်ကုမ္ပဏီကို ဒေဝါလီခံသွားအောင်၊ကျွန်တော့်စီးပွားရေး မွဲပြာကျသွားအောင်  လုပ်ဆောင်ရန်လည်း ဖြစ်၏။ကျွန်တော်အတွက် ထိုအရာက ကိစ္စတစ်ရပ် မဟုတ်။မောင် စိတ်ချမ်းသားဖို့၊ပျော်ရွှင်ဖို့က အဓိကဖြစ်၏။

“ဒိုဂျောင်ဆူး!!”

ပုံမှန်ထက် စောပြီး အလုပ်ကနေ ပြန်လာသည့်မောင်က သူ့အခန်းထဲမှာ သန့်ရှင်းရေး ဝင်လုပ်နေသည့်ကျွန်တော်ကိုမြင်တော့ ချက်ချင်း‌ မျက်မှောက်ကြုတ်သွားသည်။ပြီးနောက်  ကျွန်တော်ကို ထိန့်လန့်စေသည့်အထိ အသံကျယ်ကျယ်နှင့် စကားဆိုလာသည်။

“အခုချက်ချင်း ထွက်သွား!!!ငါ့အခန်းထဲကနေ!!”

သိပ်မဝေးတဲ့အကွာအဝေးကို အော်ဟစ်ပြီးပြောနေတဲ့မောင် ၊ ပင်ပန်းနေတော့မှာပဲ။

“ငါက အားနေတာနဲ့*”

“ဒိုဂျောင်ဆူး!!ငါ ပြောနေတယ်!!ထွက်သွားလို့”

ကျွန်တော့်စကားကို ဖြတ်ပြောပစ်လိုက်တဲ့မောင်က သူ့စကား နားမထောင်၍ အတော်လေး ဒေါသထွက်နေ၏။မောင် တွေးဖူးလား။ကျွန်တော့်ချက်ကျွေးသမျှ မစားသည့်အပြင် အိမ်မှာနေပြီး မောင်ရဲ့ဝေယျာဝစ္စလုပ်ခွင့်မရှိတဲ့ကျွန်တော်က  တစ်နေ့ကုန် ဘယ်လောက် ပျင်းပြီး အထီးကျန်နေမလဲဆိုတာ။

“တောင်းပန်ပါတယ်”

ခေါင်းလေး ငုံပြီး မောင်အရှေ့က ထွက်လာလေတော့ မောင့်အသံကျယ်ကျယ်က ကျွန်တော့်နောက်ကျောမှာ ထွက်ပေါ်လာသည်။

MASK OF LOVE Where stories live. Discover now