EIGHT

399 58 0
                                    

UNI...

မိဘတွေဆီက အမွေးရထားသည့်ကုမ္ပဏီက ကျွန်တော်နှင့် မဆိုင်သည့်အရာတစ်ခုလို၊မောင့်သဘောအတိုင်း အိမ်မှာ ထိုင်နေတဲ့ကျွန်တော်ကို တမလွန်က မိဘတွေ ကျိန်ဆဲနေမလား။မိုက်လိုက်တဲ့သားရယ်ဆိုပြီး အပြစ်တင် နေမလား။ထိုအတွေးဖြင့် ညစဉ်၊ညတိုင်း အိပ်မပျော်ခဲ့သော်ငြား မောင်ကို ယုံသည်။မောင်က ကုမ္ပဏီကို အကောင်းဆုံးဦးဆောင်နေမှာ သေချာသည်။မောင်က သိပ်တော်ပြီး ထက်မြတ်တဲ့သူ။အဲ့ဒီချက်ကပဲ ကျွန်တော်ကို ကြွေဆင်းသွားအောင် လုပ်နိူင်ခဲ့သည်။စတွေ့တုန်းက ရှယ်ယာရှင်တွေနှင့် အတင်၊အကျ ငြင်းခုန်နေတဲ့မောင်က သိပ်ဆွဲဆောင်မှုရှိလွန်းတယ်။ရှယ်ယာရှင်‌တွေကို တစ်ဖက်လှည့်ဖြင့် သူဘက်ပေါ်အောင် ခေါ်သွားတဲ့မောင့်စကားပြောဟန်တွေက တည်ငြိမ်ပြီး ရင့်ကျက်သည်။တစ်ခုပါပဲ ကျွန်တော်ကို ကြည့်မရသည့်မောင့်စိတ်ကလေးက တအားကလေးဆန်နေတာ။

သူဌေးသားဆိုပြီးကျွန်တော်ကို ကုမ္ပဏီက လူထမ်းတွေအကုန်လုံး ဦးညွှတ်ကြိုဆိုကြပေမယ့် မောင်တော့ မပါဝင်ခဲ့ဘူး။အဲ့တုန်းက မောင်ရဲ့ကလေးဆန်ဆန် ဂျစ်တိုက်မှုလေးတွေကို ကျွန်တော် သိပ်သဘောကျခဲ့ရသည်။ကျွန်တော့်စကားဆို နားမထောင်သည့်အပြင် အရွဲ့တိုက်သည့်မောင်ပုံစံလေးကို အသည်းတယားယားနှင့် ကျွန်တော်မှာ ချစ်မဝ။အူယားစရာကောင်းတဲ့
မောင်က လူကောင်ကြီးနှင့်မလိုက် ဝမ်းနည်းလွန်းပြီး အငိုသန်သည်။ထိုအ‌ကြောင်းကို မောင့်မိဘတွေမှာတစ်ဆင့် ကျွန်တော်သိလိုက်သည့်အချိန်မှာ မောင့်ဘေးနား အရိပ်တကြည့်ကြည့်နှင့် ကာကွယ်ပေးချင်လာသည်။မောင်က ကျွန်တော်ကာကွယ်ပေးစရာမလိုတဲ့လူတစ်ယောက်ဆိုသည့်တိုင်း ကျွန်တော်ရဲ့ချစ်တဲ့စိတ်ကလေးက မောင်ကို ကာကွယ်ပေးချင်သည်။

လက်တွေ့မှာတော့ ကျွန်တော်က မောင်ဆီမှာ အကာကွယ်ယူချင်သည့်လူတစ်ယောက်ပင်။မိဘတွေ ကားအက်ဆီးဒင့်ဖြင့် ဆုံးပါးသွားချိန်မှာ လူအများကြီးဆီက သနားခြင်း၊ဂရုစိုက်ခြင်း ခံရသော်ငြား ကျွန်တော်လိုချင်တာ မောင်ဆီက ဖြစ်သည်။ထိုကြောင့် မောင်ရဲ့ကာကွယ်ပေးမှု၊ဂရုစိုက်မှုကို အရူးလိုမျိူး စောင့်မျှော်ခဲ့သည်။အသည်းမာတဲ့မောင်က ကျွန်တော်ရဲ့ဝမ်းနည်းမှုကို နည်းနည်းမျှ မနှစ်သိမ့်ပေးခဲ့ဘူး။

MASK OF LOVE Where stories live. Discover now