SEVEN

391 61 9
                                    

UNI...

မောင်ရဲ့အ‌ငွေ့အသက်တွေနဲ့ ဖုံးလွှမ်းနေတဲ့ အခန်းလေးထဲမှာ ကျွန်တော်အတွက် ရင်နစ်ဖွယ်ရာ တစ်စုံတစ်ရာကို ရှာဖွေခဲ့တယ်။ထိုအရာက မောင့်ဒိုင်ယာရီ စာအုပ်လေးပင်။စာလုံး တစ်လုံးချင်းကို
ဂရုတစိုက်နှင့်သေချာစွာ ရေးထားတဲ့စာအုပ်လေးထဲမှာ မောင့်ခံစားချက်တွေဖြင့် ပြည့်နှက်နေသည်။နာကျင်ကြေကွဲရသည်။မောင်က သူ့ချစ်သူကို သိပ်ချစ်ပြီး မြတ်နိုးမှုတွေကို စာဖွဲ့ထားသည်။

“သည်းငယ်ဆီက သဝန်တိုမှု ရချင်လိုက်တာ။ဘယ်လိုလုပ်ရမလဲ။အဲ့ဒီအရူးလေးက သဝန်တိုနေလျက်နဲ့ မတားဘူး”

နာကျင်နေသည့်ကြားမှ ကျွန်တော်ပြုံးမိသည်။မောင်က တအားကလေးဆန်တာပဲ။

“သည်းငယ်ကလေ..ကလေးလေးလိုပဲ။အရမ်းဖြူစင်တာပဲ”

မောင့်ချစ်သူက သိပ်ကံကောင်းတယ်။မောင်ဆီက ချစ်ခြင်းမေတ္တာတွေ အကုန်လုံး ရရှိထားသည်။

“မနာလိုလိုက်တာ”

တိုးတိုးလေး ရေရွတ်ပြီး ဆက်မဖတ်နိူင်စွာ စာအုပ်ကိုပိတ်မယ်ပြင်ပြီးမှ မောင့်နောက်ဆုံးရေးထားတဲ့စာရွက်ကို စိတ်ဝင်တစား လှမ်းနေမိသည်။အခုထိ မောင့်ချစ်သူနာမည်ကို ကျွန်တော် မသိသေးဘူး။မောင်က *သည်းငယ်၊သည်းငယ်*ဆိုပြီး ထပ်နေအောင်ခေါ်ထားသည်။ကျွန်တော်ကို *ခဗျား*ဆိုပြီး သူစိမ်းဆန်ဆန်ခေါ်တဲ့မောင့်နှုတ်ဖျားက *သည်းငယ်*ဆိုတဲ့ ကဗျာဆန်ဆန်အခေါ်ခံရတဲ့သူကို ကျွန်တော် စိတ်မဝင်စားဘဲ၊မနာလိုဘဲ မနေနိူင်။

“မနက်ဖြန် သည်းငယ် အရမ်းဝမ်းနည်းနေတော့မှာ....။
သည်းငယ်ရဲ့ဝမ်းနည်းမှုတွေ ပျောက်သွားအောင်အနားမှာ အတူတူ အချိန်ကုန်ဆုံးပေးရင်ကောင်းမလား။
မဖြစ်နိူင်ဘူး ထင်တယ်။
ငါ့အိမ်ထောင်ရေးက အဆင်မှမပြေတာ။
သည်းငယ်ကို ထိခိုက်စေနိူင်တယ်။
အချိန်ယူပြီး သည်းငယ်အနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်ရမယ်။ဒါမှ သည်းငယ် နောက်နှစ်တွေ ဝမ်းမနည်းတော့မှာ”

ထိုစကားစု မောင် ကျွန်တော်ကို ကွာရှင်းပြီး သူရဲ့သည်းငယ်ဆီ အရောက်သွားတော့မဲ့ အဓိပ္ပာယ်မဟုတ်လား။ဟင့်အင်း မောင်။ကျွန်တော် အဆင်သင့်မဖြစ်သေးဘူး။ကျွန်တော်က မောင့်အနားမှာ တစ်သက်လုံး နေချင်တာ။

MASK OF LOVE Donde viven las historias. Descúbrelo ahora