UNI...
"မင်းကို အသားနာအောင် မလုပ်ဖူးဘဲ
ဘာလို့ မောင်ကို ကြောက်နေရတာလဲ""လုပ်ခဲ့တယ်လေ"
ပြောရင်းနှင့် နှုတ်ခမ်းလေးကို ဖိကိုက်ရင်း ဝမ်းနည်းမှုကို ထိန်းချုပ်နေတဲ့သည်းငယ်
ကြောင့် ကျွန်တော့်လုပ်ရက်တွေအတွက် နောင်တရသည်။"မောင် တောင်းပန်ပါတယ်"
ရင်ခွင်ထဲမှာ ခေါင်းလုံးလုံးလေးကို နမ်းရှိုက်လျက် ဆိုလိုက်လေတော့ ကျေနပ်သွားသည့်ဟန်လေးဖြင့် ပြုံးလာသည်။
"ငါ မောင့်နှုတ်ခမ်းတွေကို နမ်းလို့ရမလား"
"မောင် မကြိုက်ဘူး"
ချက်ချင်း အရည်ကြည်လဲ့သွားတဲ့မျက်ဝန်းလေးတွေ။မောင့်စကားကို အဆုံးထိ နားထောင်ပါဦး အရူးလေးရယ်။
"မင်းဆန္ဒရှိလျက်နဲ့ မောင်ကို မေးခွန်းပြန်ထုတ်တာကို "
ကျွန်တော်ကို စိုက်ကြည့်နေတဲ့မျက်လုံးဝိုင်းလေးနဲ့သည်းငယ်ကို ယုယစွာ ထွေ့ပွေးလိုက်သည်။
"မင်း နမ်းချင်ရင် နမ်းပစ်လို့ရတယ်။စိတ်ကို ထိန်းချုပ်ထားစရာမလိုဘူး။မောင်က မင်းယောင်္ကျားလေ"
"ငါက မောင် မကြိုက်မှကို စိတ်ပူ *အွင့်"
နှုတ်ခမ်းဖူးဖူးလေးကို တယုတယနမ်းရှိုက်လိုက်တော့ အလိုက်တသင့် တုန့်ပြန်လာသည်။ရယ်စရာကောင်းသည်။အိမ်ထောင်သက်တမ်း(၃)နှစ်ပြည့်မှ နှစ်ဦးနှစ်ဖက်အပြန်အလှန်အနမ်းခြွေတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ကြားထဲ ကျွန်တော်ဘက်က ခိုးနမ်းခဲ့တာတွေရှိသလို သူဘက်ကလည်း ခိုးနမ်းခဲ့သည်။
"အ့..မောင်~"
ညည်းညူးသံသဲ့သဲ့လေးဖြင့် ကျွန်တော့်ပေါင်ပေါ် ပြောင်းထိုင်လိုက်သည့်သည်းငယ်
ကြောင့် အနမ်းတွေကို ရပ်လိုက်ရသည်။"ဒါ..မောင့်ဆန္ဒကို သိလို့ပေးတာလား"
"ဟင့်အင်း~"
ကျွန်တော့်ရင်ခွင်ထဲမျက်နှာဖွက်လျက် ခေါင်းရမ်းပြလာသည့်စကားကို သိပ်မယုံချင်။ဒီကောင်လေးက ကျွန်တော့်ဆန္ဒရှိရင် သူဘက်က ဖြည့်စည်းပေးဖို့အသင့်ဖြစ်နေတဲ့သူ။
KAMU SEDANG MEMBACA
MASK OF LOVE
Fiksi Penggemarကျွန်တော့်ဘဝမှာ မောင်ကို အချစ်ဆုံး၊အမြတ်နိုးဆုံးနှင့် အကြင်နာဆုံးဖြစ်၏။မောင်ကသာ ကျွန်တော်ကို မျက်ကွယ်ပြု၊စိတ်ပျက်ပေမယ့် ကျွန်တော်က မောင်အပေါ် သေးသေးလေးတောင် အပြစ်မတင်ရက်ဘူး။ Chansoo Fic _ 7🍎 ×12 Complete (6)🍁