UNI...
ထိုင်ခုံပေါ် ငြိမ်ငြိမ်လေး ထိုင်နေပြီး ကျွန်တော်လုပ်သမျှကို မျက်တောက်မခတ်လိုက်ကြည့်နေတဲ့ကောင်လေးက အခုထိ ကျွန်တော်အပြုအမှုတွေကို အသားမကျသေးဘူး။
“ဂျောင်ဆူး~မောင်ကို အဲ့လိုပဲ ဆက်တိုက် ထိုင်ကြည့်နေတော့မှာလား”
ကျွန်တော်အမေးကို မဖြေဘဲ မျက်လုံးဝိုင်းဝိုင်းတွေကို စဉ်းစားသလို ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။
“မေမေတို့ အိမ်သွားဖို့ပြင်နေတာ”
တစ်စုတစ်ရာသိချင်တာရှိနေသော်ငြား မမေးဘဲ ငြိမ်နေတဲ့ကောင်လေးကြောင့် ကျွန်တော်ကပဲ ဖြေလိုက်သည်။သို့သော် ထိုအရာက သူသိချင်တဲ့အကြောင်းအရာမဟုတ်ဘူးထင်ပါရဲ့။
“မောင် ဒီနေ့အလုပ်မသွားဘူး။အတွင်းရေးမှူးမင်
နဲ့ လွှဲထားတယ် ”ထပ်ပြီး ထိုအရာကလည်း သူ သိချင်တာမဟုတ်ပြန်ဘူး။ငြိမ်မြဲအတိုင်းသာ ငြိမ်နေတယ်။
“ငါ ကျင့်သားမရသေးဘူး”
“ဘာကို”
“မောင်လို့သုံးတာကို ..ပြီးတော့ ငါကို ဂျောင်ဆူးလို့ ခေါ်တာရောပဲ”
“အများကြီး တွေးမပူနေနဲ့..နောက် ကျင့်သွားရသွားလိမ့်မယ်။ထ..အဝတ်စားသွားလဲ မောင့်အိမ်ကို သွားကြမယ်”
အတင်း ထခိုင်းပေမယ့် အနှီးကောင်လေးက ပေကပ်နေသည်။
“ဘာဖြစ်ရပြန်ပြီလဲကွာ..”
“ရုတ်တရက်ကြီး ဘာလို့ ပြောင်းလဲသွားရတာလဲဟင် ...ဇာတ်ကားတွေထဲကလို မောင် ငါနဲ့လမ်းခွဲခါနီးမလို့ ကောင်းပေးနေတာမဟုတ်လား..ဒါဆို*”
“တော်ပြီ..ပေါက်ကရတွေ မတွေးရဘူး”
နှုတ်ခမ်းပေါ် လက်ညှိုးကို ဒေါင်းလိုက်ဖြတ်တင်၍ ပြောလိုက်သည့်ကျွန်တော့်စကားကို သူက မျက်လုံးချင်းဆုံးလျက် မေးခွန်းထုတ်နေသည်။
“ချစ်တယ် ..မောင် မင်းကို သိပ်ချစ်တယ်”
“အဟင့်..မောင်”
အငိုမျက်လုံးတွေနှင့် တောက်တောက်ပပပြုံး၍ ရင်ခွင်ထဲ တိုးဝင်လာတဲ့ကောင်လေးကို တင်းကြပ်စွာဖက်ထားလိုက်သည်။နောက်ဆုံးတော့ မင်း မောင့်ရင်ခွင်ထဲ တိုးဝင်လာပြီပဲ။
🎭🎭🎭
6:12 🍎
ZAW...
“ငါ ကျင့်သားမရသေးဘူး”
“ဘာကို”
“ဘာဖြစ်ရပြန်ပြီလဲကွာ..”
“အဟင့်..မောင်”
🎭🎭🎭
6:12 🍎
YOU ARE READING
MASK OF LOVE
Fanfictionကျွန်တော့်ဘဝမှာ မောင်ကို အချစ်ဆုံး၊အမြတ်နိုးဆုံးနှင့် အကြင်နာဆုံးဖြစ်၏။မောင်ကသာ ကျွန်တော်ကို မျက်ကွယ်ပြု၊စိတ်ပျက်ပေမယ့် ကျွန်တော်က မောင်အပေါ် သေးသေးလေးတောင် အပြစ်မတင်ရက်ဘူး။ Chansoo Fic _ 7🍎 ×12 Complete (6)🍁