UNI....
မနေ့ကတည်းက အခန်းထဲမှာ ထွက်မလာသည့်မောင်က ညနေဘက်မှာ အပြင်ကိုထွက်သွားသည်။မျက်နှာလေးက အနည်းငယ်ညှိုးနွမ်းနေ၍ ကျွန်တော့်ရင်ထဲ မကောင်းပေ။နေမကောင်းတာကို တစ်နေ့ကုန် အခန်းထဲမှာ ပေတေနေတယ်။ထမင်းလည်း ထွက်မစားဘူး။ကျွန်တော် မှားသွားတယ်။မနေ့က နေမကောင်းတဲ့မောင်ကို ဒေါသထွက်အောင်မလုပ်ခဲ့သင့်ဘူး။
ညနက်သည့်အထိ အိမ်မပြန်လာသည့်မောင်ကို ဖုန်းဆက်သင့်၊မဆက်သင့် တွေးတောရင်းနှင့် နောက်ဆုံးမှာတော့ ကျွန်တော်ကြောင့် မောင်စိတ်ရှုပ်မှာကို မလိုလား၍ မောင်ပြန်လာမည့်အချိန်ကိုသာ မျှော်နေမိသည်။
“ဒိုဂျောင်ဆူး”
မောင့်အသံသဲ့သဲ့လေးက ကျွန်တော့်နားထဲ လွှင့်ပျံ့လာလေတော့ အိပ်ပျော်နေရမှ ကုန်းထရသည်။
“ဧည့်ခန်းထဲ ဘာလုပ်နေတာလဲ!သွားအိပ်တော့!”
တော်သေးသည်။မောင် ကျွန်တော်ကိုအော်ငေါက်ဖို့ အားအင်တွေကျန်သေးလို့။
“ငါ သွားအိပ်လို့ပြောနေတယ်လေ!”
“မောင်..ထမင်းစားမလား..ငါ ပြင်ပေးမယ်လေ”
“အဲ့ဒါတွေ ခဗျားကို မကြိုက်တာ”
မောင့်စကားတစ်ခွန်းက ကျွန်တော့်ရင်ထဲ မြားတစ်စင်းလိုပဲ စူးနစ်စွာ စိုက်ဝင်သွားသည်။မောင်ကို အော်မေးပစ်လိုက်ချင်သည်။ကျွန်တော်မှာ မောင်ကြိုက်တဲ့အချက်တွေရော ရှိရဲ့လားလို့။
“တောင်းပန်ပါတယ်..မောင် မကြိုက်တွေပဲ လုပ်မိနေတယ်”
မောင်မှားသည်ဖြစ်စေ၊ကျွန်တော်မှန်သည်ဖြစ်စေ၊မောင်ကျေနပ်အောင် တောင်းပန်စကားပြောလေ့ရှိသည့်ကျွန်တော်ကို မောင်က ကျစ်ဆုပ်လျက် စိတ်ပျက်လက်ပျက်ကြည့်လာသည်။
“ကောင်းသော ညပါ မောင်”
မောင်အရှေ့မှာ လှည့်ထွက်ခဲ့သည်။မောင့်စကားအတိုင်း အိပ်ခန်းထဲ ဝင်၍ အိပ်စက်အနားယူချင်သော်လည်း အတွေးများကြောင့် အိပ်၍မရပေ။
🎭🎭🎭
6:12
ZAW....
မေန႔ကတည္းက အခန္းထဲမွာ ထြက္မလာသည့္ေမာင္က ညေနဘက္မွာ အျပင္ကိုထြက္သြားသည္။မ်က္ႏွာေလးက အနည္းငယ္ညိႇဳးႏြမ္းေန၍ ကြၽန္ေတာ့္ရင္ထဲ မေကာင္းေပ။ေနမေကာင္းတာကို တစ္ေန႔ကုန္ အခန္းထဲမွာ ေပေတေနတယ္။ထမင္းလည္း ထြက္မစားဘူး။ကြၽန္ေတာ္ မွားသြားတယ္။မေန႔က ေနမေကာင္းတဲ့ေမာင္ကို ေဒါသထြက္ေအာင္မလုပ္ခဲ့သင့္ဘူး။
ညနက္သည့္အထိ အိမ္မျပန္လာသည့္ေမာင္ကို ဖုန္းဆက္သင့္၊မဆက္သင့္ ေတြးေတာရင္းႏွင့္ ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္ေၾကာင့္ ေမာင္စိတ္႐ႈပ္မွာကို မလိုလား၍ ေမာင္ျပန္လာမည့္အခ်ိန္ကိုသာ ေမွ်ာ္ေနမိသည္။
“ဒိုေဂ်ာင္ဆူး”
ေမာင့္အသံသဲ့သဲ့ေလးက ကြၽန္ေတာ့္နားထဲ လႊင့္ပ်ံ႕လာေလေတာ့ အိပ္ေပ်ာ္ေနရမွ ကုန္းထရသည္။
“ဧည့္ခန္းထဲ ဘာလုပ္ေနတာလဲ!သြားအိပ္ေတာ့!”
ေတာ္ေသးသည္။ေမာင္ ကြၽန္ေတာ္ကိုေအာ္ေငါက္ဖို႔ အားအင္ေတြက်န္ေသးလို႔။
“ငါ သြားအိပ္လို႔ေျပာေနတယ္ေလ!”
“ေမာင္..ထမင္းစားမလား..ငါ ျပင္ေပးမယ္ေလ”
“အဲ့ဒါေတြ ခဗ်ားကို မႀကိဳက္တာ”
ေမာင့္စကားတစ္ခြန္းက ကြၽန္ေတာ့္ရင္ထဲ ျမားတစ္စင္းလိုပဲ စူးနစ္စြာ စိုက္ဝင္သြားသည္။ေမာင္ကို ေအာ္ေမးပစ္လိုက္ခ်င္သည္။ကြၽန္ေတာ္မွာ ေမာင္ႀကိဳက္တဲ့အခ်က္ေတြေရာ ႐ွိရဲ႕လားလို႔။
“ေတာင္းပန္ပါတယ္..ေမာင္ မႀကိဳက္ေတြပဲ လုပ္မိေနတယ္”
ေမာင္မွားသည္ျဖစ္ေစ၊ကြၽန္ေတာ္မွန္သည္ျဖစ္ေစ၊ေမာင္ေက်နပ္ေအာင္ ေတာင္းပန္စကားေျပာေလ့႐ွိသည့္ကြၽန္ေတာ္ကို ေမာင္က က်စ္ဆုပ္လ်က္ စိတ္ပ်က္လက္ပ်က္ၾကည့္လာသည္။
“ေကာင္းေသာ ညပါ ေမာင္”
ေမာင္အေ႐ွ႕မွာ လွည့္ထြက္ခဲ့သည္။ေမာင့္စကားအတိုင္း အိပ္ခန္းထဲ ဝင္၍ အိပ္စက္အနားယူခ်င္ေသာ္လည္း အေတြးမ်ားေၾကာင့္ အိပ္၍မရေပ။
🎭🎭🎭
6:12 🍎
YOU ARE READING
MASK OF LOVE
Fanfictionကျွန်တော့်ဘဝမှာ မောင်ကို အချစ်ဆုံး၊အမြတ်နိုးဆုံးနှင့် အကြင်နာဆုံးဖြစ်၏။မောင်ကသာ ကျွန်တော်ကို မျက်ကွယ်ပြု၊စိတ်ပျက်ပေမယ့် ကျွန်တော်က မောင်အပေါ် သေးသေးလေးတောင် အပြစ်မတင်ရက်ဘူး။ Chansoo Fic _ 7🍎 ×12 Complete (6)🍁