FIFTEEN

641 67 15
                                    

UNI....

အလုပ်,လုပ်ရရင် ပျော်နေတတ်သည့်
သည်းငယ်ကြောင့် အိမ်မှာ အေးဆေးခိုင်းချင်သည့်စိတ်ကို အတင်းမြိုချကာ အလုပ်ခွင့်ပေးလုပ်ရသည်။အရင်နှစ်တွေတုန်းက သည်းငယ်ကို အိမ်ထဲမှာ အကျဉ်းချခဲ့သူမို့ အလုပ်ထဲပျော်နေတာကိုမြင်တော့ အားနာစိတ်က အချိန်တိုင်း ဝင်လာသည်။

“မောင် ဒီညစာ ပါစတာ လုပ်စားကြမယ်”

အလုပ်လုပ်ရင်း ကျွန်တော်ကိုလှည့်ကြည့်လျက် သည်းငယ်က ပြောလာသည်။ဒီကောင်လေး အလုပ်ထဲမှာ ပင်ပန်းလည်း မပင်ပန်းသလိုမျိူးပဲ။
ညစာကို ကိုယ်တိုင် ချက်စားလိုက်ရမှာ ကျေနပ်သူဖြစ်၏။

“သည်းငယ်သဘော”

“အိုက်ဂူး..မောင်က ချစ်စရာကြီး”

ထိုင်နေရာမှ ကျွန်တော့်အနားရောက်လာကာ ပါးတွေကို ဆွဲညစ်လာသည့်အကောင်ပေါက်လေးကို ကျွန်တော်ပြန်ဖျစ်ညစ်လိုက်ရင် ရစရာရှိတော့မှ မဟုတ်ဘူး။

“ပတ်ခ်ဂျောင်ဆူး..ငြိမ်ငြိမ်နေတာ ကောင်းမယ်နော်။ကိုယ့်အန္တာရယ် ကိုယ်သိ”

“ဟိဟိ”

သွားလေးတွေ စိပြီး ရယ်ပြလာသည့်အနှီးကောင်လေးက ကျွန်တော်ရဲ့ မြတ်နိုးတွယ်တာစရာ‌ဖြစ်၏။

“ထပ်ခေါ်ပြောဦး..ပတ်ခ်ဂျောင်ဆူးလို့”

“ဒိုဂျောင်ဆူး~”

မျက်နှာလေး ဆူပုတ်သွားသည့်မှာ ချက်ချင်းဖြစ်သည်။သူကို မျိုးရိုးနာမည်တပ်ခေါ်ရင် တကယ်သဘောမကျတဲ့သည်းငယ်အကျင့်လေးကို သိ၍ စနောက်လိုက်သည့်ကိုသိလျက်နှင့်
နှုတ်ခမ်းလေးက ဆူထော်လာသည်။

“မောင်က တကယ်မကောင်းဘူး”

ရင်ဘတ်ကို ထုလာသည့်လက်ကလေးကို အလျင်အမြန်ဆွဲဖမ်း၍ အနမ်းခြွေပြီးမှ ကျွန်တော်အရှေ့မှာ မတ်တပ်ရပ်နှင့်သည်းငယ်ကို မော့ကြည့်လိုက်သည်။

“ကောင်းပါတယ်....ညတုန်းက သည်းလေး ခဏ ခဏ တောင်းဆိုနေတာ ။မောင် ကောင်းလို့ မဟုတ်ဘူးလား”

“မောင်”

ဒေါသသံမပါ သည်းငယ်ရဲ့အသံကျယ်ကျယ်လေး။မျက်နှာလေးနီရဲပြီး သူနေရာသူ ပြန်သွားထိုင်နေသည့်ကောင်လေးကို ကြည့်ပြီး ကျွန်တော်မှာ အရယ်မရပ်နိူင်။သည်းငယ် သိလား။‌မောင်က  အမုန်းမျက်နှာဖုံးထက် အချစ်မျက်နှာဖုံးက မောင်နဲ့ပိုလိုက်ဖက်နေတာကို။

MASK OF LOVE Tempat cerita menjadi hidup. Temukan sekarang