UNI...
“မောင်..”
ကျွန်တော်အခန်းတံခါးဖွင့်ပြီး ဝင်လိုက်သည့်နှင့် ဂျောင်ဆူးက မျက်ရည်စတွေနှင့် ကြိုဆိုနေသည်။အကြောင်းကတော့ သူ့ကိုယ်ပေါ်က ကျွန်တော်လဲပေးထားသည့်အဝတ်အစားကြောင့်ဖြစ်လိမ့်မည်။တစ်ကြိမ်၊တစ်ခါမှ သူ့အပေါ် မကောင်းခဲ့လေတော့ ကျွန်တော်ရဲ့ ဂရုစိုက်မှု သေးသေးလေးကအစ ပျော်ရွှင်စွာ မျက်ရည်ကျနေသည်။တစ်ညလုံး သူကို ရင်ခွင်ထဲ ထည့်အိပ်ထားတဲ့အကြောင်း ပြောပြလိုက်ရင် မျက်ရည်တွေ တားကျိုးသလို ကျဆင်းလာလေမလား။
အတွေးတစ်ချို့ကြောင့် ဖြစ်ထွန်းလာတဲ့ကျွန်တော်အပြုံးတွေကို တအံ့တဩကြည့်နေတဲ့အနှီးကောင်လေးက အသည်းယားစရာနှင့် အူယားစရာလေးပင်။
“မောင်..ပြုံးနေတယ်??”
“ဘာလဲ..မပြုံးရဘူးလား ဟမ်”
သူပုံစံလေးကို အသည်းယားလွန်းလို့ ခေါင်းလေးသုတ်ဖို့ပြင်လိုက်လေတော့ အနှီးကောင်လေးက ခေါင်းကို ငုံပြီး မျက်လုံးတွေ မှိတ်ချသွားလေတော့ ရင်ထဲ အောင့်တတ်လာသည်။သူကို ကျွန်တော်က ရိုက်လိမ့်မယ်လို့ တွေးနေသည်။ဘယ်လိုလုပ်ရမလဲ။ဒီကောင်လေးက ကျွန်တော်ကို သိပ်ကြောက်နေတာ။တစ်ကြိမ်၊တစ်ခါမှ လက်ဖြင့် မရွယ်ဖူးဘဲ ဘာလို့ကြောက်လန့်နေရတာလဲ။
“မောင် မင်းကို မရိုက်ပါဘူး”
ပထမဆုံးအကြိမ် သုံးနှုန်းခြင်းဖြစ်၍ ကျွန်တော်ကိုလည်း အနေရခက်စေသလို အနှီးကောင်လေးကိုလည်း အံ့ဩသွားစေသည်။
“ရေ...ရေသွားချိုးလိုက်ဦးမယ်”
“အအေးမမိစေနဲ့”
ထပ်ပြီး ပြူးကျယ်သွားတဲ့မျက်လုံးလေးတွေ။အရမ်းအံ့ဩနေတယ် မဟုတ်လား။မောင်
က ရုတ်တရက်ပြောင်းလဲသွားလို့လေ။မောင်ရဲ့ လျှိုဝှက်ကို မင်းကိုပြောပြရဦးမယ်။မင်းဆီမှာ မောင် တိတ်တခိုးမျှော်လင့်မိတဲ့စကားစုတွေ ရှိတယ်။မောင် အိမ်ပြန်နောက်ကျတိုင်း မင်းအမြဲပြောတဲ့ *ထမင်းစားမလား ငါပြင်ပေးမယ်လေ*ဆိုတဲ့စကားထက် *မောင် ဘာလို့ အိမ်ပြန်နောက်ကျတာလဲ*မေးလာရင် တစ်နေ့ကုန် ဖြစ်ပျက်သမျှ အကြောင်းစုံကို မောင်က အစီခံတင်ပြမိမှာ။မင်းဘက်က *မောင် မနက်စားထမင်းစားသွားဦး*လို့ပြောလာရင် နေ့တိုင်း မင်းချက်သမျှကို အကုန်စားပေးနိူင်တယ်။အကယ်၍များ မင်းက *မောင် အိမ်ကိုစောစောပြန်လာခဲ့နော်*လို့ပြောရင် မင်းချိန်းတဲ့အချိန်ထက် စောပြီး ပြန်လာပေးနိူင်တယ်။မင်းဆီက အမေးဝါကျတာထက် အဆိုဝါကျကို မောင်က သိပ်လိုချင်ခဲ့တာ။
BINABASA MO ANG
MASK OF LOVE
Fanfictionကျွန်တော့်ဘဝမှာ မောင်ကို အချစ်ဆုံး၊အမြတ်နိုးဆုံးနှင့် အကြင်နာဆုံးဖြစ်၏။မောင်ကသာ ကျွန်တော်ကို မျက်ကွယ်ပြု၊စိတ်ပျက်ပေမယ့် ကျွန်တော်က မောင်အပေါ် သေးသေးလေးတောင် အပြစ်မတင်ရက်ဘူး။ Chansoo Fic _ 7🍎 ×12 Complete (6)🍁