SIX

376 60 0
                                    

UNI....

မိဘမရှိတော့တဲ့ကျွန်တော်က မောင့်မိဘတွေကို ကျွန်တော်မိဘတွေလိုပဲ သဘောထား၏။မောင့်မိဘတွေက သဘောကောင်းပြီးကြင်နာကြသည်။
ကျွန်တော်အပေါ် သိပ်ချစ်သလို သူတို့ရဲ့ကျေးဇူးရှင်သားဆိုပြီး အလိုလိုက်ကြသည်။ယုတ်စွာအဆုံး ကျွန်တော် မောင်ကို ချစ်နေမှန်း သတိထားမိသွားသည့်အချိန်မှာ မောင်နှင့်လက်‌ထပ်ဖို့ အတင်းစီစဉ်ကြသည်။ဒါကို မောင်က အထင်လွှဲသွား၏။ကျွန်တော်က ငွေတွေနှင့် သူကို အပိုင်ဝယ်ပါတယ်ဆိုပြီး အရင်ကထက် ပိုမုန်းတီးနေသည်။မဟုတ်လည်း မောင်က ကျွန်တော်ကို မုန်းနေမှာဖြစ်သည့်အတွက် ထိုကိစ္စကို ထူးပြီး ကျွန်တော် မဖြေရှင်းနေတော့။မောင့်စိတ်ကြိုက်တွေးပါစေတော့။

“မောင်..မနက်ဖြန်ညနေ့ စောစော ပြန်လာခဲ့နိူင်မလား”

မောင်က ကျွန်တော့်စကားကို အရေးမစိုက်ဘဲ ဖုန်းကြည့်နေသည်။မနက်ဖြန် လကုန်သည့်ရက်ဖြစ်၍ မောင့်မိဘတွေအိမ်ကို အလည်သွားရမည်။မလာဖြစ်ရင် ဖုန်းတွေတဂွမ်ဂွမ် ဆက်နေကြမှာ။
မောင့်မိဘတွေကပြောတယ်။သူတို့ဆီ တစ်လ တစ်ခေါက်တော့ လာလည်ကြပါတဲ့လေ။လကုန်ရက်ကို သတ်မှတ်ပြီး သွားပြန်တော့ ထိုရက်တိုင်း လည်ဆန့်ဆန့်နှင့်မျှော်နေတတ်သည်။

“ငါ မအားဘူး...ဘားမှာ  ချိန်းထားတာရှိတယ်”

ကျွန်တော်ဘက်က မမေးရင် မပြောဘဲ နှုတ်ဆိတ်နေပေးလို့ မရဘူးလား မောင်။

“ဒါပေမယ့် မောင် စောစောပြန်လာခဲ့လို့ မရဘူးလား ...မေမေတို့က မျှော်နေမှာပါ ”

“ခဗျား ပြောလိုက်လေ..မလာဖြစ်တော့ဘူး၊မအားလို့ ဘာညာဆိုပြီး...ခဗျားစကားဆို မေမေတို့က လက်ခံမှာပါ”

ဒါ မောင် သက်သက် ကျွန်တော်ကို ညစ်နေတာ။အိမ်မှာပဲ တစ်နေကုန် အချိန်ကုန်နေတဲ့ကျွန်တော်က မအားစရာအကြောင်းမှ မရှိတာ။ပြီးတော့ လိမ်ညာတာတွေ ကျွန်တော် မလုပ်ချင်မှန်း သိလျက်နဲ့။

“လူကြီး‌တွေကို  မလိမ်ချင်ဘူး..”

“စကားကို ကြည့်ပြောစမ်းပါ..မသိရင် ခဗျားက လူတော်ကောင်းကြီးလိုပဲ။ငါ အပေါ် အမြဲလိမ်ညာတာတွေနေကျပဲ။ခဗျား ကျွမ်းပါတယ်”

MASK OF LOVE Hikayelerin yaşadığı yer. Şimdi keşfedin