UNI....
ကျွန်တော့်ဘဝမှာ မောင်ကို အချစ်ဆုံး၊အမြတ်နိုးဆုံးနှင့် အကြင်နာဆုံးဖြစ်၏။မောင်ကသာ ကျွန်တော်ကို မျက်ကွယ်ပြု၊စိတ်ပျက်ပေမယ့် ကျွန်တော်က မောင်အပေါ် သေးသေးလေးတောင် အပြစ်မတင်ရက်ဘူး။မောင့်အမုန်းတွေကို လက်ခံရရှိနေတဲ့ကျွန်တော်က ကံကြမ္မာကို အပြစ်ပို့ရင်း မောင့်အနားမှာ မောင်ရဲ့လက်တွဲဖော်တစ်ယောက်အနေနှင့် သက်ဆုံးတိုင် ရှိသွားပေးမည်။မောင်ဘက်က လမ်းခွဲပြတ်ဆဲချင်ရင်တော့ မောင့်သဘောအတိုင်းပေါ့။ကျွန်တော်က ဘယ်တတ်နိူင်မှာလဲ။
မချစ်သော်လည်း အတူနေရသည့်ဒုက္ခကို ကျွန်တော်မသိဘူး။ဒါပေမယ့် မောင်က သိသည်။
မောင်က ကျွန်တော်ကို ချစ်မှမချစ်တာ။မောင် ဘယ်လောက်တောင် စိတ်ဆင်းရဲနေမလဲ။မောင်က မိဘတွေကြောင့် မလွှဲသာ၍ ကျွန်တော်ကို လက်ထပ်ယူခဲ့သူ ဖြစ်၏။မောင့်ဆန္ဒအတိုင်းဆိုကျွန်တော်ကို မျက်နှာချင်းဆိုင်မှာ မဟုတ်ဘူး။
မောင် မကြိုက်တဲ့အရာတွေ ကျွန်တော်မှာ အများကြီးရှိသည်။သူများတွေ သိပ်လှတယ်ပြောတဲ့ကျွန်တော်ရဲ့အသည်းပုံနှုတ်ခမ်းတွေကို မောင်က မုန်းတယ်။ကျွန်တော်ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကိုလည်း မုန်းပြန်တယ်။ကျွန်တော်ရဲ့မျက်နှာကိုလည်း ဖြူစင်သယောင်ဆောင်ထားလို့ မုန်းတယ်တဲ့လေ။သူဌေးသားဆိုပြီး မာနကြီးတဲ့ကျွန်တော်ကို စတွေ့ကတည်းက မောင်က မုန်းနေခဲ့သည်။ဟုတ်တယ်။ကျွန်တော် မာနကြီးခဲ့တယ်။ပြီးတော့ ဘဝမြင့်ပြီး
မြှောက်ကြွမြှောက်ကြွနှင့်ဘယ်သူမှ လူလိုမထင်ခဲ့ဘူး။ဒါပေမယ့် အဲ့မာနတွေက မောင်အရှေ့ရောက်ရင် မြူမှုန်လောက်လေးတောင် မရှိတော့ဘူး။ဘယ်သူကိုမှ အောက်မကျို့ခဲ့တဲ့ကျွန်တော်က မောင့်အချစ်ရဖို့ မောင်ရှေ့မှောက်မှာ ဒူးထောက်ခစားနေသည်။ဒါကို မောင်သိလျက်နှင့်၊ကျွန်တော် သိပ်ချစ်မှန်းသိလျက်နှင့် ကျွန်တော်အပေါ် နည်းနည်းလေးမှ သနားစိတ်မဝင်ခဲ့ဘူး။"ဒိုဂျောင်ဆူး!"
မောင် အမြဲခေါ်တဲ့ကျွန်တော့်နာမည်။ကျွန်တော်ကိုဆို အသံကျယ်ကျယ်နှင့် မျိုးရိုးနာမည်ပါ တပ်ခေါ်တဲ့မောင်က တစ်ခြားသူတွေအပေါ်ဆို သူ မတူအောင် သဘောထားကောင်းသည်။
YOU ARE READING
MASK OF LOVE
Fanfictionကျွန်တော့်ဘဝမှာ မောင်ကို အချစ်ဆုံး၊အမြတ်နိုးဆုံးနှင့် အကြင်နာဆုံးဖြစ်၏။မောင်ကသာ ကျွန်တော်ကို မျက်ကွယ်ပြု၊စိတ်ပျက်ပေမယ့် ကျွန်တော်က မောင်အပေါ် သေးသေးလေးတောင် အပြစ်မတင်ရက်ဘူး။ Chansoo Fic _ 7🍎 ×12 Complete (6)🍁