"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥"
Part (1)
------------
------------~~~ဘွဲ့နှင်းသဘင် ခန်းမအတွင်း~~~
》》》ရူပဗေဒမိသားစု မောင်မယ်သစ်လွင်ကြိုဆိုပွဲ《《《
ခန့်ညားထည်ဝါသော ရွှေအိုရောင် စာတန်းကြီးနဲ့အတူမီးရောင်စုံတွေရဲ့ အလင်းတန်းတွေကြားမှာ ဘွဲ့နှင်းသဘင်ခန်းမရဲ့ စင်မြင်ထပ်မှာ နေရာယူနေကြသော ရူပဗေဒမိသားစုရဲ့ King Selectionများနှင့် Queen Selectionများ...
" ရူပဗေဒမိသားစု၏ Kingအဖြစ်ရရှိတဲ့သူကတော့ ခါးနံပါတ်......"
"တစ်!!"
"တစ်!!"
"တစ်!!"
အစီအစဉ်တင်ဆက်သူရဲ့ စကားသံမဆုံးခင် အသံခဏရပ်လိုက်ချိန်မှာတော့ စင်အောက်က ကျောင်းသားကျောင်းသူများထံမှ တစ်ပြိုင်နက်ထွက်လာသော နံပါတ်တစ်ခု....
ဒီနေ့ကတော့ Physicsမေဂျာရဲ့ ပထမနှစ်ကျောင်းသားကျောင်းသူတွေကိုကြိုဆိုတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲ တစ်နည်းအားဖြင့် Fresher Welcome နဲ့အတူ မေဂျာရဲ့ King နဲ့Queen ရွေးချယ်ပွဲပင်ဖြစ်လေသည်....စင်အောက်က ကျောင်းသားကျောင်းသူတွေရဲ့ အော်သံတွေကြောင့် စင်ထပ်က ခါးနံပါတ် (၁)ပိုင်ရှင် ကျောင်းသားလေးကတော့ သွားထပ်လေးတွေပေါ်အောင် ရီလိုက်လေရဲ့....
၆ပေ၃လက်မ အရပ်အမြင့်နဲ့အတူ ဖြူနုနေတဲ့အသားအရည်လေးနဲ့လိုက်ဖက်ညီစွာဝတ်ဆင်ထားသည်က ငွေရောင်တိုက်ပုံလေးနဲ့ငွေရောင်ချည်ထိုးပုဆိုးလေးနဲ့ ကျောင်းသားတစ်ဦးပင် ...
ထို့နောက်မှာတော့..."ရူပဗေဒမိသားစုရဲ့King အဖြစ်ရွေးချယ်ခြင်းခံရသူကတော့ ခါးနံပါတ်(၁) မောင်ဗဟုသခင် ဖြစ်ပါတယ်!!"
"ဝေး!!!"
"ဖြောင်း!!"
"ဖြောင်း!!"
"ဗဟု!!"
"ဗဟု!!"
အစီစဉ်တင်ဆက်သူရဲ့ စကားအဆုံး ဗဟုသခင် ဆိုတဲ့ သူ့အတွက် လက်ခုပ်သံတွေကဘွဲ့နှင်းသဘင်ခန်းမ တစ်ခုလုံး၌ ဟိန်းထွက်လာလေတော့သည်...
ချမ်းသာကြွယ်ဝခြင်း ချောမောခြင်း သဘောထားပြည့်ဝခြင်း လူချစ်လူခင်ပေါခြင်း အပေါင်းအသင်းများခြင်း စသည့်ဂုဏ်ပုဒ်တွေကိုပိုင်ဆိုင်ထားတဲ့သူ့အတွက်တော့ မဲအရေအတွက်နဲ့ရွေးချယ်ရတဲ့ King Crown ကသူ့ဆီကျရောက်လာသလို "Physics King " ဆိုသည့်ရွှေရောင်နဲ့အနီရောင်စာလုံးတွေနဲ့ပုံဖော်ထားတဲ့ရွှေရောင်စလွယ်ကလဲ သူ့ပုခုံးထပ်မှာ နေရာယူထားလျက်...
YOU ARE READING
အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)
Romance"အတ္တတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ရယူပိုင်ဆိုင်လိုစိတ်နဲ့အနိုင်ယူလိုစိတ်ကို ကျေးဇူးပြုပြီးအချစ်လို့ခေါင်းစဉ်မတပ်ပါနဲ့လား သခင်" ***ဆုလာဘ်သဒ္ဒါ***