Part(4)

9K 261 3
                                    

"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်"

Part (4)
------------
------------

အဆောင်ထဲကနေ တဖြေးဖြေးထွက်လာတဲ့ အနက်ရောင်ပုံရိပ်လေးကို သူ စိုက်ကြည့်နေမိသည်....
အိတ်လေးလွယ်ကာ စာအုပ်တချို့ ရင်ခွင်ထဲပိုက်ထားတဲ့ သူမ....
ပုံတော်ဖိနပ်အနက်ရောင်လေးစီးထားတဲ့သူမရဲ့ခြေလှမ်းလေးတွေက သူရှိနေတဲ့ကားဆီကိုဦးတည်လာနေသည်ပင်...
သူ့ဆီဦးတည်လာတဲ့ သူမခြေလှမ်းတွေကို ဟန်ချက်ပျက်အောင်တိုက်ချလိုက်သည်ကအဆောင်ထဲအရှိန်နဲ့ပြေးဝင်လာတဲ့ လူတစ်ယောက်ဖြစ်သည်

"တောက်!!"

သူမ လက်ကိုကိုင်ကာ သူမကိုယ်လုံးလေးကို ရင်ခွင်ထဲနစ်နေအောင်ဖက်ထား အကောင်ကြောင့် သူ့ဒေါသက ထောင်းခနဲ...
ကားတံခါးကိုဆွဲဖွင့်လိုက်ပြီး

"ဒုန်း!!"

ကားတံခါးကို ဆောင့်ပိတ်ကာ သူအရှေ့ကမြင်ကွင်းဆီ သူ ထွက်လာလေသည်...

"သ...သခင်!!"

"လာခဲ့!!"

"အို!!"

သဒ္ဒါလက်မောင်းကိုဆောင့်ဆွဲလိုက်တဲ့ သူ့ကြောင့် သဒ္ဒါ ခြေထောက်ပင်ခေါက်လဲမတတ်ဖြစ်သွားရသည်...

"သခင်!!"

သဒ္ဒါ့လက်မောင်းကို ပြုတ်မထွက် အတင်းဆောင့်ဆွဲကာ ကားတံခါးကိုဒေါသတကြီးဆွဲဖွင့်ပြီး သဒ္ဒါကိုယ်လုံးလေးကိုကားထဲဆောင့်တွန်းထည့်လိုက်လေသည်...

"သ...သခင်!!"

"ကျွီ!!"

"အ မေ့!!"

ကားကိုဆောင့်ထွက်လိုက်တဲ့သူ့ကြောင့် သဒ္ဒါအလန့်တကြား ကားဘေးကိုကိုင်ထားလိုက်မိသည်...
ကျောင်းဝန်းထဲတောင်အရှိန်နဲ့မောင်းထွက်လာတဲ့ဗဟု ရဲ့ဒေါသက သူ့မျက်နှာထပ်အထင်းသား...

"ဖြေးဖြေး...ဖြေးဖြေးမောင်းပေးပါ!!"

မျက်လုံးကိုစုံမှိတ်ရင်းကားကိုကိုင်ထားသည့် သဒ္ဒါစကားကို မကြားသည့်ပုံဖြင့် လမ်းမထက်ကားကိုအရှိန်နည်းနည်းမှမလျော့သည့်အပြင် ပိုအရှိန်မြင့်လာသည့်သူ့ကြောင့် သဒ္ဒါမျက်ရည်ပင်ဝဲတက်လာရသည်

အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)Donde viven las historias. Descúbrelo ahora