"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်"
Part(21)
-------------
-------------"ဂျောက်!!"
"သဒ္ဒါ နင် တကယ်အဆင်ပြေရဲ့လား!"
ပါတီက ပြန်လာပြီးထဲက အိပ်ခန်းစားပွဲအနားမှာ မလှုပ်မယှက်ထိုင်နေသည့်သဒ္ဒါ့ကို ရေချိုးခန်းကထွက်လာသည့်မိုးက မေးလိုက်ခြင်းဖြစ်သည်။
"ဟင်...အင်း...ပြေပါတယ်!!"
မိုးရဲ့အမေးကိုသဒ္ဒါဖြေလိုက်ပေမဲ့ သဒ္ဒါ့စိတ်တွေက မတည်ငြိမ်နိုင်သေးပါ။
Hotelရဲ့sky viewမှာပထမဆုံးအနေနဲ့တွေ့လိုက်ရတဲ့ သခင်ပုံရိပ် နဲ့အတူ မိတ်ဆက်ပွဲမှာထပ်တွေ့လိုက်ရတဲ့ သခင့်ရဲ့အောင်မြင်မှုတွေကြောင့် သဒ္ဒါအခုထိ ဆွံ့အနေဆဲ။
ဉက္ကဌ ဖြစ်တဲ့သူ့ကိုနောက်နေ့တွေမှာတွေ့ရတော့မဲ့ သဒ္ဒါရင်မောစွာ သက်ပြင်းဖွဖွချလိုက်မိသည်။ ထို့နောက်မှာတော့ သဒ္ဒါ့အရှေ့က စားပွဲပေါ်မှာတင်ထားတဲ့ သဇင်ပန်းခြောက်တွေကိုတွေဝေစွာကြည့်လိုက်မိတော့သည်။"ဥက္ကဠက လူသာငယ်တာတော်တော် တော်တာပဲနော်..."
ဆံပင်တွေကိုရေသုတ်ရင်း ကုတင်ပေါ်မှာထိုင်လိုက်သည့် မိုးက သခင့်ကိုချီးကျူးခန်းစဖွင့်လေတော့သည်။
"ငါကအစက ဥက္ကဌကိုအသက်ကြီးကြီးထင်နေတာ...ဒီမနက် ဥက္ကဠ ကုမ္မဏီကို ခဏဝင်လာတော့လဲ ငါက လချုပ်စာရင်းhard copyဆွဲနေတာနဲ့မတွေ့လိုက်ရဘူး...နင်ရောမနက်ကတွေ့လိုက်လား!!"
"ဟင့်အင်း ငါtoiletသွားနေလို့မတွေ့မိလိုက်ဘူး!!"
"အော်...ဉက္ကဌ က တော်တော်ချောတယ်နော်...ဉက္ကဌ နှုတ်ဆက်လိုက်တဲ့အချိန်တုန်းက နင်တွေ့လိုက်လား သဒ္ဒါ ကုမ္မဏီကဟိုဟာမတွေ ဖြစ်ပျက်နေတာများရုပ်ပျက်ဆင်းပျက်...ဒါနဲ့ဥက္ကဠက ငါတို့နဲ့ရွယ်တူလောက်ပဲထင်တယ်နော်!!"
"အင်း ထင်တာပဲ...ငါ အိပ်တော့မယ်နော်မိုး...မနက်စောစောထရဦးမယ်လေ!!"
"အင်း သဒ္ဒါ..."
သဒ္ဒါ စကားလက်စကိုဖျက်ချချင်တာကြောင့် အိပ်ဖို့ကိုအကြောင်းပြလိုက်မိသည်။
ထို့နောက် ပန်းခြောက်တွေကိုအိတ်ထဲပြန်ထည့်ကာ ဗီရိုထဲထည့်လိုက်ပြီး ကုတင်ဆီကိုဦးတည်လိုက်သည်။
သဒ္ဒါတစ်ယောက် အိပ်ရာပေါ်မှာလှဲနေပေမဲ့ အိပ်မပျော်နိုင်ပါ။
ŞİMDİ OKUDUĞUN
အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)
Romantizm"အတ္တတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ရယူပိုင်ဆိုင်လိုစိတ်နဲ့အနိုင်ယူလိုစိတ်ကို ကျေးဇူးပြုပြီးအချစ်လို့ခေါင်းစဉ်မတပ်ပါနဲ့လား သခင်" ***ဆုလာဘ်သဒ္ဒါ***