"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်"
Part(19)
-------------
-------------~~~၇နှစ်ကြာပြီးနောက်~~~
အမေရိကန်နိုင်ငံ, ဝါရှင်တန်ဒီစီမြို့
အဆင့်မြင့်အဆောက်အဦးရဲ့ မှန်ချပ်တွေကိုမျက်နှာမူလျက် ဘောင်းဘီရှည်အနက်ရောင်ကိုဝတ်ထားပြီး အပေါ်ပိုင်းဗလာကျင်းဖြစ်နေတဲ့အမျိုးသားတစ်ဦး...
လက်ထဲကဝိုင်ခွက်ကို ဖြေးညင်းစွာလှုပ်ယမ်းလိုက်ပြီး မော့ပစ်လိုက်လေသည်။
အဆင့်မြင့်အဆောက်အဦးပေါ်စီးကနေမြင်နေရသည့်ညမြင်ကွင်းတချို့....
မီးရောင်တွေတွေထိန်လင်းနေတဲ့အမေရိကန်နိုင်ငံရဲ့ ဝါရှင်တန်ဒီစီမြို့ရဲ့အလှအပက ကမ္ဘာ့ကုလသမ္မဂအဆောက်အဦးရဲ့ထည့်ဝါမှုတွေနဲ့ပါရောယှက်နေသည်မို့ လှပမှုဟာထည်ဝါလွန်းနေသည်။>>> ဝါရှင်တန်ဒီစီမြို့ရဲ့ညအလှက သိပ်ခမ်းနားတယ်...
ဒါဆို မြန်မာနိုင်ငံရဲ့ညအလှကရော....🎼🎼ဟန်ဆောင်မလား ကြေညာမလား
ကိုယ့်ရင်ထဲဆုံးဖြတ်မဲ့ ဘဝနှစ်ခုအတွက်
မင်းသိတယ် သဒ္ဒါရယ်🎼🎼ရုတ်တရက်ဝင်လာတဲ့ဖုန်းမြည်သံကြောင့် ဘေးကမှန်စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို သူကောက်ကိုင်လိုက်လေသည်။
"ဟဲလို ဒယ်ဒီ....."
"---------------"
"ကျွန်တော် အကုန်ပြင်ဆင်ပြီးသွားပြီ....မာမီ့ကိုလဲ သေချာပြောပြထားတယ်!!"
"မနက်ဖြန်Flightနဲ့ ကျွန်တော်ထွက်လာမှာပါ!"
"-----------------"
"ကျွန်တော် တို့ နောက်နေ့ဆိုလူချင်းတွေ့ရတော့မှာပါ ဒယ်ဒီ! !"
ရီသံလွင်လွင်နဲ့ ဒယ်ဒီဘက်က ဖုန်းချသွားပြီးမို့ သခင့်နှုတ်ခမ်းထပ်အပြုံးတစ်ခုဖြစ်ထွန်းသွားလေတော့သည်။
>>> ဟုတ်တယ်...
မနက်ဖြန်ဆို သူ ၇နှစ်လုံးလုံးစွန့်ခွာခဲ့တဲ့ မြန်မာပြည်ကိုပြန်တော့မှာ....လွန်ခဲ့တဲ့၇နှစ်က သူမရှိရာအရပ်ကနေရော သူမဆီကနေပါ သူစွန့်ခွာခဲ့ရတာ။
ဒီမှာကျောင်းဆက်တက်ပြီး ဒယ်ဒီအတွက်အထောက်အကူပြုနိုင်တဲ့သားတစ်ယောက်အဖြစ်သာမက သူမအတွက်ပါ အားကိုးအားထားပြုနိုင်မဲ့ယောက်ျားတစ်ယောက်ဖြစ်အောင်သူ ၇နှစ်လုံးလုံးကြိုးစားခဲ့ရတာ။
ဆေးလဲဖြတ်ခဲ့တယ်။ကျောင်းလဲတက်ခဲ့တယ်။

VOCÊ ESTÁ LENDO
အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)
Romance"အတ္တတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ရယူပိုင်ဆိုင်လိုစိတ်နဲ့အနိုင်ယူလိုစိတ်ကို ကျေးဇူးပြုပြီးအချစ်လို့ခေါင်းစဉ်မတပ်ပါနဲ့လား သခင်" ***ဆုလာဘ်သဒ္ဒါ***