Part(2)

10.3K 312 4
                                    

"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်"

Part (2)
------------
------------

~~~At BZO Club~~~

မြူးကြွနေတဲ့ DJသံတွေနဲ့အတူ ကခုန်နေကြသည့်မိန်းမငယ်များနှင့်ယောက်ျားငယ်များက BZO Clubအတွင်း၌ပင်...
လူကုံထံအသိုင်းအဝိုင်းနဲ့ပိုက်ဆံချမ်းသာကြသော မိဘများမှဆင်းသက်လာသူများသာ လာရောက်နိုင်သော နမည်ကြီးclubတစ်ခုမို့ VIPတန်းသည် တန်ဖိုးများစွာရှိနေသည်မဟုတ်လား...

ထိုအချိန်၌ပင်
အရှိန်တစ်ခုဖြင့်မောင်းလာတဲ့ နောက်ဆုံးပေါ် အနက်ရောင်ပြိုင်ကားတစ်စီးက BZO Clubအရှေ့မှာ ထိုးရပ်လာသည်...
ရုတ်ချည်းပင် ပွင့်လာသောကားတံခါးနဲ့အတူ ပြောက်လက်နေတဲ့အနက်ရောင်လည်သာ ရူးဖိနပ်တစ်စုံက ထိုပြိုင်ကားပေါ်မှတစ်ဆင့် ဆင်းလာလေသည်...
တပ်ထားတဲ့အနက်ရောင် မျက်မှန်ကိုချွတ်လိုက်ကာ Clubကို တစ်ချက်ကြည့်လိုက်ပြီး သူ့ခြေလှမ်းတွေက ထိုclubထဲဦးတည်လျက်...
Clubအတွင်းဝင်လာတဲ့ သူကတော့ အနက်ရောင်လက်ရှည်ကို လက်တစ်ဝက်တိတိခေါက်ထားကာ အနက်ရောင်စတိုင်ပင်လ်ထဲ တစ်စဝင်တစ်စထွက်ထည့်ထားသည့်ပုံစံက ဖြူဖွေးလွန်းတဲ့ သူ့အသားအရည်နဲ့လိုက်ဖက်လွန်းနေသလို
မြင့်မားလွန်းတဲ့သူ့အရပ်အမောင်းကလဲ clubအတွင်းမှာထင်ရှားလျက်...
Clubအောက်ဆုံးအထပ်ကနေ  တဖြေးဖြေး တက်လာသည့် သူ့ခြေလှမ်းတွေက clubအပေါ်ဆုံးအထပ်ရဲ့VIP Roomတွေရှိရာဆီပင်....
VIP Roomအရောက်မှာတော့

"သခင်လေး ဒီအခန်းပါ!!"

Clubရဲ့မန်နေဂျာ ပြတဲ့ အခန်းထဲ သူခြေချလိုက်သည်...

"ငါတို့Kingကြီးလာပြီဟ!!"

"ဟျောင့် ဗဟု!! နောက်ကျလှချည်လား!!"

"အဟွန်း!!"

ကျောင်းရဲ့ King selectionတွေဖြစ်သည်နှင့်အတူ လူကုံထံအသိုင်းအဝိုင်းကဆင်းသက်လာသူများဖြစ်ကြသည့် သူတို့အဖွဲ့...
ဗဟု နေရာတစ်ခုမှာဝင်ထိုင်လိုက်ကာ

"ဘယ်လိုလဲ Kingကြီး!!ဒီနေ့ဝိုင်း မင်းရှင်းရမှာနော်!!"

"ဟ !!ဗဟုတစ်ယောက်ထဲမကဘူးလေ...ဒီကPrinceပါပေါင်းရှင်းရမှာပေါ့!!"

"အေး ဟုတ်တယ်...ငါတို့Princeကြီးပါ ရှင်းရမှာ !! ဟား!!ဟား!!"

သူငယ်ချင်းတွေပြောသမျှကို တစ်ချက်ပြုံးပြလိုက်ကာ သူ့အကြိုက်ကိုသိတဲ့ စားပွဲထိုးလာချပေးတဲ့ ဝိုင် ကိုသာသူသောက်နေလိုက်သည်...

အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)Hikayelerin yaşadığı yer. Şimdi keşfedin