"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥"
Part (6)
-----------
-----------"ဝုန်း!!"
သခင်တစ်ယောက် ရေကူးကန်ထဲ အေးဆေးရေကူးနေရာကနေ ရေမျက်နှာပြင်ပေါ် ဝုန်းခနဲပေါ်လာလေသည်...
ကျောင်းပိတ်ရက်တွေပဲဖြစ်ဖြစ် ကျောင်းမသွားချင်တဲ့ရက်တွေပဲဖြစ်ဖြစ် သူ အားလပ်တဲ့အချိန်တွေမှာ လုပ်နေကျ အားကစားများထဲတွင် ရေကူးခြင်းကလဲတစ်ခုအပါအဝင်ဖြစ်သည်...
ရေကူးကန်ထဲအနည်းငယ်ကြာအောင် ရေကူးပြီးနောက်
ရေကူးကန်ရဲ့လက်တန်းတွေကိုကိုင်ကာ ကန်ပေါင်ပေါ်တက်လိုက်စဉ် သူ့မျက်နှာနားကို ကမ်းပေးနေသည်က သဘက်တစ်ထည်ပင်..."ဒယ်ဒီ!!"
"အဟင်း!!"
အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့ဒယ်ဒီက သူ့ကိုသဘက်ကမ်းပေးနေခြင်း...
ဦးနေရောင်လွှမ်း သားဖြစ်သူကိုသဘက်ကမ်းပေးရင်း ရီလိုက်လေသည်..."ဒယ်ဒီ ဘယ်တုန်းကပြန်ရောက်တာလဲ !!မာမီရော!!"
"မနက်ထဲကပြန်ရောက်တာ ဒယ်ဒီcompanyဝင်နေတာနဲ့အခုမှပြန်ရောက်တယ်ဆိုပါတော့..မင်းမာမီကတော့ ထုံးစံအတိုင်း ဆူးတို့နဲ့စကားလက်ဆုံကျနေတယ်လေ!"
"အန်တီဆူး ကဘယ်ကနေဘယ်လိုရောက်လာတာလဲ !!"
"အဟင်း...မင်းမာမီပဲပေါ့ !!"
ဒယ်ဒီကမ်းပေးတဲ့သဘက်ကို ယူကာ သူ့ဆံပင်တွေကိုသုတ်လိုက်ရင်း ရေကူးကန်ဘေးက ခုံမှာထိုင်လိုက်လေသည်...
တစ်ဖက်ကခုံမှာတော့ ဦးနေရောင်လွှမ်းဝင်ထိုင်လိုက်သည်..."ဒယ်ဒီရေကူးဦးမှာလား!!"
"မကူးတော့ဘူး!!ဒါနဲ့ သားလက်ပြင်ပေါ်ကတက်တူးအသစ်လားဗဟု!!"
အဖေဖြစ်သူစကားကြောင့် ဗဟုပြုံးလိုက်မိသည်...
ဒယ်ဒီကအမြဲမျက်စိလျင်ပြီး သူ့အကြောင်းအကုန်သိသူပင်မဟုတ်လား...
ငယ်ငယ်ထဲက သူလိုချင်တာမှန်သမျှကို မာမီကဖြည့်စည်းပေးသလို ဒယ်ဒီကလဲဘယ်တော့မှမငြင်းဆန်ခဲ့...
သူ့ဘဝ လက်ညိုးညွှန်ရာရေဖြစ်ခဲ့တာကလဲ တစ်ဦးတည်းသော သားဖြစ်သူကို မိဘတွေရဲ့အလိုလိုက်မှုတွေက ထိပ်ဆုံးကပင်...
![](https://img.wattpad.com/cover/313562423-288-k257600.jpg)
YOU ARE READING
အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)
Romance"အတ္တတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ရယူပိုင်ဆိုင်လိုစိတ်နဲ့အနိုင်ယူလိုစိတ်ကို ကျေးဇူးပြုပြီးအချစ်လို့ခေါင်းစဉ်မတပ်ပါနဲ့လား သခင်" ***ဆုလာဘ်သဒ္ဒါ***