"အတ္တတံဆိပ်ငြိုးမာန်ပြယ်စေသော်ဝ်💥"
Part (9)
------------
------------"ငါနင့်ကိုတကယ်တောင်းပန်ပါတယ် သဒ္ဒါ!!"
သဒ္ဒါ့လက်တွေကိုဆုပ်ကိုင်ကာခေါင်းငိုက်စိုက်လျက် တောင်းပန်နေတဲ့သူ့ကိုသဒ္ဒါတွေဝေစွာကြည့်နေမိသည်...
သခင့်ပုံစံကပကတိတည်ငြိမ်နေသလို သခင့်မျက်ဝန်းတွေကလဲလေးနက်နေသည်ပင်..."ကတိပေးလား!!ငါ့ကိုနောက်တစ်ခါအသားနာအောင်မလုပ်တော့ပါဘူးလို့ နင်ကတိပေးနိုင်လား သခင်!!"
သဒ္ဒါ့စကားကြောင့် သူခေါင်းကိုမော့လိုက်စဉ်သူ့မျက်ဝန်းတွေက သဒ္ဒါ့မျက်ဝန်းတွေနဲ့အကြည့်တွေကငြိမ်သက်လွန်းသည်...
ဒုန်းခနဲဆောင့်ခုန်သွားတဲ့ရင်ခုန်သံနဲ့အတူ သူ သဒ္ဒါ့မျက်ဝန်းတွေကိုမလွဲရှောင်နိုင်ပဲဆွံ့အသူလိုသေချာကြည့်နေမိဆဲ....
သဒ္ဒါ့လက်ကိုပိုမိုတင်းကြပ်စွာဖိဆုပ်ကိုင်လိုက်ပြီး"အဲ့ကတိက နင်တောင်းစရာမလိုပဲ ငါ့နှလုံးသားကနေ သေချာပေါက်ဖြစ်တည်ပေးမဲ့အရာမို့ ငါ့ကိုဒီတစ်ခါလောက်ခွင့်လွှတ်ပေးပါ သဒ္ဒါ!!"
တိုးသဲ့သဲ့သခင့်ရဲ့တောင်းဆိုသံလေးအဆုံးမှာတော့....
■နင်ဒီကတိကိုသေချာပေါက်တည်နိုင်ပါစေ သခင်!!
■■■■■
မနက်ကသခင်တောင်းပန်သွားပြီးသည့်အပြင် နေ့လည်အထိသဒ္ဒါဘယ်လောက်မောင်းထုတ်မောင်းထုတ်ပေကပ်စွာနဲ့ သဒ္ဒါ့အနားမှာပဲနေသွားသည့်သခင့်ကို သဒ္ဒါနားမလည်တော့...
ညနေကျမှသာ သူသွားစရာရှိသည်ဟုဆိုကာ ထွက်သွားလေသည်...
အခန်းရဲ့ပြတင်းပေါက်မှာလက်လေးထောက်ကာ လမင်းကြီးပျောက်ကွယ်နေမဲ့ ကြယ်လေးတွေနဲ့အလှဆင်နေတဲ့ကောင်းကင်ကြီးကို သဒ္ဒါမော့ကြည့်နေမိသည်...
ဒီနေ့က သဒ္ဒါ့ရဲ့၁၈နှစ်ပြည့်မွေးနေ့ပင်မဟုတ်လား...
သို့သော်လဲနေမကောင်းဖြစ်နေတာမို့ ဘာဆုမွန်ကောင်းမှမတောင်းရသလို ဘာကုသိုလ်မှလဲပြုခွင့်မရလိုက်...
ဒီနှစ်သဒ္ဒါ့မွေးနေ့ကတော့သခင့်လက်ချက်နဲ့အိပ်ယာထဲမှာသာ ကုန်ဆုံးခဲ့ရလေသည်ပင်..."ဒါဒါ!!"
ခေါ်သံကြောင့် သဒ္ဒါ့လှည့်ကြည့်လိုက်တော့
![](https://img.wattpad.com/cover/313562423-288-k257600.jpg)
BẠN ĐANG ĐỌC
အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)
Lãng mạn"အတ္တတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ရယူပိုင်ဆိုင်လိုစိတ်နဲ့အနိုင်ယူလိုစိတ်ကို ကျေးဇူးပြုပြီးအချစ်လို့ခေါင်းစဉ်မတပ်ပါနဲ့လား သခင်" ***ဆုလာဘ်သဒ္ဒါ***