Part(16)

8.5K 225 2
                                        

"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ် "

Part(16)
-------------
-------------

"နင့်ဘာသာ နေစရာဘယ်မှာရှိရှိ ဒီစံအိမ်ကနေ ငါသွားခွင့်မပေးဘူး ဆုလာဘ်သဒ္ဒါ! !"

သခင့်ရဲ့ပြတ်သားလွန်းတဲ့ စကားကြောင့် သဒ္ဒါ သခင့်ကိုခပ်စူးစူးစိုက်ကြည့်ပစ်လိုက်သည်။

"ဒါကဘာလဲ!!"

သခင် ခြေထောက်အနားမှာတွေ့လိုက်သည့် သဒ္ဒါ့အဝတ်ထုတ်ကြောင့် ဒေါသထိန်းမရစွာ ထိုအထုတ်ကိုကန်ထုတ်ပစ်လိုက်လေသည်။

"ဒုန်း!!"

"သခင်!!"

သူမအဝတ်ထုတ်ကို ကန်ထုတ်လိုက်သည်မို့ သဒ္ဒါတစ်ယောက် သခင့်နမည်ကိုအော်ခေါ်ပစ်လိုက်လေသည်။
သခင့်ရဲ့ကန်ချက်ကြောင့် အဝတ်ထုတ်ကလွင့်ထွက်သွားပြီး ဧည့်ခန်းထောင့်မှာကပ်သွားလေသည်ပင်။

"နင်!!"

သဒ္ဒါ သခင့်ကိုဒေါသတကြီး လက်ညိုးထိုးလိုက်သည်နှင့်

"ဘာဖြစ်လဲ!!နင်သတ္တိရှိရင် ဒီစံအိမ်အပြင်ကိုခြေတစ်လှမ်းချရဲချကြည့်လိုက်!!ငါဘာအကောင်လဲ နင်သိတယ်နော်!!"

"​အေး သိတယ်...နင်ဘာအကောင်လဲငါကောင်းကောင်းကြီးသိတယ်!! မကောင်းတဲ့အကောင် ရဲ့!"

"ဘာ!"

ပေါက်ထွက်မတတ်ကိုက်ထားတဲ့သူမ နှုတ်ခမ်းက သူ့အတွက် စကားတစ်ခွန်းက မကောင်းတဲ့အကောင် တဲ့လေ။

သဒ္ဒါ အံကိုတင်းတင်းကြိတ်ပြီး ဒေါသတကြီးပြောလိုက်မိသည်။
သူမပါးပြင်ပေါ်မှာလဲ မျက်ရည်စတွေက နေရာယူလျက်။
ထိုမျက်ရည်စတွေက ဝမ်းနည်းမှုပူဆွေးမှုတွေကြောင့်မဟုတ်ပဲ ခံပြင်းမှုကြောင့်ကျလာသည့်မျက်ရည်များသာ....
သဒ္ဒါ သခင့် မျက်နှာကိုသေချာစိုက်ကြည့်လိုက်ပြီး

"နင်ကမကောင်းတဲ့အကောင်!!ငါ့ဘဝကိုဖျက်တဲ့အကောင် ငါ့အမေကိုသတ်တဲ့အကောင်...နင်ကမကောင်းတဲ့အကောင်!!လူယုတ်မာ..."

ဧည့်ခန်းထဲမှာ ဦးနေရောင်လွှမ်း ရော ဒေါ်ရွှေထည်ဝါ ပါရှိနေပေမဲ့ သဒ္ဒါ့ဒေါသတွေကထိန်းမရတော့။တင်းမာလွန်းတဲ့အခြေအနေဖြစ်နေပေမဲ့ မည်သူတစ်ဦးတစ်ယောက်ကမှ သခင်နဲ့သဒ္ဒါကို တားဆီးခြင်းမရှိ။
သူမစကားလုံးတွေကြောင့် သခင် အသက်မဲ့သူလို ဆွံ့အသွားခဲ့ရသည်။ သူမရင်ထဲမှာနေရာယူနေသည့် သူ့အတွက်အမုန်းတွေအငြိုးတွေက ထုထည်ကြီးမားလွန်းသည့်ကျောက်ဆောင်ကြီးအလား။

အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)Onde histórias criam vida. Descubra agora