Part(20)

8.2K 219 0
                                    

"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်"

Part(20)
--------------
--------------

နေ့လည်က လေယာဉ်ပေါ်ကဆင်းဆင်းချင်းကုမ္မဏီကိုခဏလောက်ဝင်ပြီး အခုလဲအိမ်ပြန်ရောက်ထဲက အရင်က သူနေခဲ့တဲ့အခန်းကိုမာမီက ပြန်ပြင်ပေးထားသည်မို့ သခင်တစ်ယောက်အခန်းထဲlaptopတစ်လုံးနဲ့အလုပ်ကိစ္စကိုဆက်လုပ်နေခြင်းဖြစ်သည်။သူUSမှာနေထဲက ကုမ္မဏီကိုထောင်ထားတာဆိုပေမဲ့ အခုမြန်မာနိုင်ငံပြန်ရောက်မှသာ ကုမ္မဏီကိုသေချာကြပ်မတ်ရမည်ပင်။
စားပွဲပေါ်က ကော်ဖီခါးခါးကိုသောက်လိုက်ရင်း အလုပ်ထဲပြန်စိတ်နှစ်နေစဉ်

"ဒေါက်....ဒေါက်...."

ထွက်ပေါ်လာတဲ့တံခါးခေါက်သံကြောင့် သခင် မျက်ခုံးပင့်သွားရသည်။

"တံခါး ဖွင့်ထားတယ်..."

"သား..."

"အော်...မာမီ!!"

​အိမ်ပြန်ရောက်ထဲက ထမင်းစားပြီး အခန်းအောင်းသွားတဲ့ သားဖြစ်သူဆီ ဒေါ်ရွှေထည်ဝါ ရောက်လာခြင်းဖြစ်သည်။ဒေါ်ရွှေထည်ဝါ တစ်ယောက် သခင့်ဘေးက ဆိုဖာပေါ်မှာထိုင်လိုက်ပြီး

"ဒီနေ့ပဲစံအိမ်ပြန်ရောက်တာကို သားက ချက်ချင်းအိမ်ခွဲနေတော့မလို့လား သား!!"

"အဟင်း..."

မာမီ့စကားသံကိုနားထောင်လိုက်ထဲက ဗဟုစံအိမ်မှာမနေပဲ ကုမ္မဏီနဲ့နီးတဲ့အဆင်မြင့်တိုက်ခန်းမှာနေမဲ့ သခင့်ဆုံးဖြတ်ချက်ကို မာမီသဘောမကျမှန်း သခင်သိလိုက်လေသည်။

"စံအိမ်နဲ့ကုမ္မဏီနဲ့ဝေးတယ်လေ မာမီ...ပြီးတော့ ကျွန်တော်က ကုမ္မဏီ ကို ပစ်ထားထားတာကကြာပြီဆိုတော့ အခုကျွန်တော်ပြန်ရောက်တဲအချိန်မှာသေချာအနီးကပ်ကြီးကြပ်ချင်တယ် မာမီ!!"

"ဒါပေမဲ့..."

အသံတိမ်ဝင်သွားသည့် မာမီအသံကြောင့် သခင် ခုံကနေထကာ မာမီ့အရှေ့ကိုသွားပြီး မာမီ့လက်ကိုဖွဖွလေးဆုပ်ကိုင်လိုက်ကာ

"ကျွန်တော့်အတွက်မစိုးရိမ်ပါနဲ့ USမှာတောင် တစ်ယောက်ထဲနေနိုင်ခဲ့သေးတာပဲလေ မာမီရယ်!"

သခင့်ရဲ့ တည်ငြိမ်လွန်းတဲ့အသံကြောင့် ဒေါ်ရွှေထည်ဝါ သက်ပြင်းချလိုက်မိသည်။သခင့်ဆုံးဖြတ်ချက်က ခိုင်မာနေပြီမဟုတ်လား။
USမှာနေတုန်းက အာကာကို သခင်နဲ့နေဖို့အတူတူထားပေမဲ့ သခင်က ​၁နှစ်လောက်သာ အာကာနဲ့အတူတူနေပြီး နောက်နှစ်တွေမှာတော့ သခင်က တစ်ယောက်ထဲနေခဲ့လေသည်။

အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ