"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥"
Part(15)
--------------
--------------မူမမှန်တဲ့သဒ္ဒါ့ခြေလှမ်းတွေက ဆေးရုံဝန်းထဲခြေမိလိုက်ချိန်မှာတော့ လူကဆောက်တည်ရာမရနိုင်တော့ပါ။
"ဒါဒါ!!!"
သဒ္ဒါ့အနောက်ကနေထပ်ကြပ်မခွာအပြေးလေးလိုက်လာသည့် အိမ်အကူအမရဲ့ခေါ်သံကိုလဲသူမ မကြားနိုင်တော့ပါ။
အမေရှိနေတဲ့ဆေးရုံရဲ့သုံးထပ်ဆောင်အပေါ်ကိုသာ ပြေးနေမိသည်။"ဒါဒါ!!!"
အခန်းတစ်ခုအရှေ့မှာထိုင်နေသည်က အိမ်တော်ထိန်းနဲ့ဒါရိုက်ဘာဦးမိုး တို့ကသူမကို မျက်ရည်အရွှဲသားနဲ့ကြည့်နေလေသည်။
"အမေ!!! အမေရော...."
"မစန်းကြည် အထဲမှာ ဒါဒါ!!!"
သဒ္ဒါတစ်ယောက်အိမ်တော်ထိန်းညွှန်ပြတဲ့ဆေးရုံအခန်းကိုကြည့်လိုက်ချိန်မှာတော့ အခန်းထဲမှာ သဒ္ဒါပထမဆုံးမြင်လိုက်ရသည်က သခင်ကိုပင်။
"သဒ္ဒါ..."
သခင့်ရဲ့ အသံက ဖျော့တော့နေသလို သဒ္ဒါလဲ ဆေးရုံအခန်းထဲလေးကန်တဲ့ခြေလှမ်းတွေက ပထမဆုံးခြေချမိလေပြီဖြစ်သည်။
အသက်မဲ့သူလို ဝိညာဉ်ကင်းကွာနေသူလို လေးဖင့်လွန်းနေတဲ့သဒ္ဒါ့ခြေလှမ်းတွေ။မည်သည်ကိုမျှမကြည့်ပဲ ကုတင်ရှိရာဆီကိုတည့်တည့်ဦးတည်လျက်
အခန်းထဲဝင်လာတဲ့သဒ္ဒါ့ခြေလှမ်းတွေကြောင့် သခင် သူမအတွက်နေရာဖယ်ပေးလိုက်မိသည်။သဒ္ဒါ မြင်လိုက်ရသည့်မြင်ကွင်းက ဖြူဖြူလွလွပိတ်ဖြူလွှမ်းခြုံထားသည့် အရာတစ်ခု....
>>>> မဟုတ်လောက်ပါဘူး၊မဖြစ်နိုင်လောက်ပါဘူး.....ဒါကအမှန်တရားမဟုတ်လောက်ပါဘူး....
ကုတင်အနားတဖြည်းဖြည်းတိုးကပ်သွားရင်း သဒ္ဒါ တစ်ယောက်တုန်ယင်နေတဲ့လက်တစ်စုံနဲ့ ကုတင်ပေါ်ကပိတ်စအဖြူကိုဖယ်လိုက်ချိန်မှာတော့....
"အမေ..."
အိမ်အကူလုပ်ခဲ့ရပေမဲ့ ဖြူနုနုအသားရောင်လေးနဲ့အမေ ...
အဖေမရှိတော့ထဲက တစ်ယောက်ထဲမုဆိုးမဘဝနဲ့သဒ္ဒါ့ကိုပြုစုစောင့်ရှောက်ခဲ့သည့် အမေ....
CZYTASZ
အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)
Romans"အတ္တတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ရယူပိုင်ဆိုင်လိုစိတ်နဲ့အနိုင်ယူလိုစိတ်ကို ကျေးဇူးပြုပြီးအချစ်လို့ခေါင်းစဉ်မတပ်ပါနဲ့လား သခင်" ***ဆုလာဘ်သဒ္ဒါ***