"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်"
Part(18)
---------------
---------------လက်ထဲက ပတ်စ်စပို့ ကိုငုံ့ကြည့်ကာ ခုံတန်းပေါ်မှာသူ ထိုင်နေမိသည်။အနက်ရောင်ဘောင်းဘီရှည်နဲ့ အနက်ရောင်ရှပ်ကိုဝတ်ထားပြီး Maskအမဲရောင်တပ်ထားသည့် သခင့်ပုံစံက ကြည့်ကောင်းနေဆဲ။ယောက်ျားလေးတန်မဲ့ဖြူနုလွန်းတဲ့အသားရေကလဲ အနက်ရောင်နဲ့လိုက်ဖက်လွန်းလေသည်။မြန်မာနိုင်ငံကနေ မကြာခင်မှာထွက်ခွာတော့မဲ့လေယာဥ်ကြောင့် သူအခုလေဆိပ်ထဲရောက်နေခြင်းဖြစ်သည်။
"သား...."
ခေါ်သံကြောင့် သူလှမ်းကြည့်လိုက်တော့ ဒယ်ဒီနဲ့မာမီကသူ့ဆီကိုလာနေခြင်းဖြစ်သည်။
ခုံပေါ်ကနေ သူ ထလိုက်သည်နှင့် မာမီက သူ့ကိုပြေးဖက်လေတော့သည်။"ဟိုရောက်ရင်ကျန်းမာရေးကိုဂရုစိုက်နော် သား...အစားလဲပုံမှန်စားနော်...မာမီလိုက်ပါမယ်ဆိုတာကို သားကလေတကယ်ပါပဲ!!"
"ရပါတယ် မာမီ..ကျွန်တော် တစ်ယောက်ထဲ သွားလို့အဆင်ပြေလို့!!"
ဒယ်ဒီ့ကမ်းလှမ်းချက်ကို သူလက်ခံခဲ့တာဖြစ်သည်။ ဆေးဖြတ်ဖို့နဲ့USမှာကျောင်းဆက်တက်ဖို့ကိုသူ လက်ခံခဲ့ခြင်း။
ဒယ်ဒီကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက်ကျေနပ်နေသည်ကအသေအချာဆိုပေမဲ့ မာမီကတော့ တစ်ဦးတည်းသောသားဖြစ်တဲ့ သခင့်ကိုလုံးဝစိတ်မချပေ။အခုတောင်USအထိလိုက်နေပေးမယ်လုပ်နေလို့ သူငြင်းလိုက်ခြင်းဖြစ်သည်။"သား ဂရုစိုက်နော်...ဟိုမှာ ကိုအာကာကျော်ကိုဒယ်ဒီအားလုံးစီစဥ်ခိုင်းထားပြီးပြီ...သားအဆင်ပြေမှာပါ!"
"ဟုတ်ကဲ့ ဒယ်ဒီ!!"
ဦးနေရောင်လွှမ်း သားပခုံးကိုပုတ်ကာ ပြုံးပြလိုက်လေသည်။
ထိုအချိန်မှာပင်
လေယာဉ် ထွက်ခွါတော့မည့်အကြောင်း ထွက်ပေါ်လာလေသည်။"ထည်...သားကိုလွှတ်ပေးလိုက်လေ...."
သခင့်လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် ဒေါ်ရွှေထည်ဝါ ကို ဦးနေရောင်လွှမ်း အသိပေးလိုက်မှ ဒေါ်ရွှေထည်ဝါတစ်ယောက် သခင့် လက်ကို လွှတ်ပေးလိုက်လေသည်။
BẠN ĐANG ĐỌC
အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)
Lãng mạn"အတ္တတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ရယူပိုင်ဆိုင်လိုစိတ်နဲ့အနိုင်ယူလိုစိတ်ကို ကျေးဇူးပြုပြီးအချစ်လို့ခေါင်းစဉ်မတပ်ပါနဲ့လား သခင်" ***ဆုလာဘ်သဒ္ဒါ***