"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်"
Part(25)
~~~OR~~~
Final Partခြေထောက်ပျောက်ဖို့လိုသေးပေမဲ့ သဒ္ဒါ နှစ်ရက်လောက်ပဲနားကာ မိုးတားနေသည့်ကြားကနေ ကုမ္မဏီကိုအလုပ်ပြန်ဆင်းလာခဲ့သည်။သခင့်ကုမ္မဏီပဲဖြစ်ဖြစ် ဘယ်သူ့ကုမ္မဏီပဲဖြစ်ဖြစ် သဒ္ဒါ က ဝန်ထမ်းပါပဲ။ပြီးတော့ သဒ္ဒါ့မှာက ဆုံးဖြတ်ချက်တစ်ခုကလဲ ခိုင်မာစွာချနှင့်နေပြီးသား။
"ဘာလဲဟ!!"
သဒ္ဒါ ထော့နဲ့ထော့နဲ့ နဲ ကုမ္မဏီကိုဝင်လိုက်သည်နှင့် ဟိုကကြည့် ဒီလူကကြည့်မို့ နည်းနည်းတောင်လန့်သွားရသည်။
"သဒ္ဒါ နင်ဟာလေ တကယ်ပါပဲ....ဥက္ကဠကြီးက နင့်ကိုနားရက်ရှည်ပေးထားတာပဲဟာကို!!"
သဒ္ဒါ အလုပ်စားပွဲမှာထိုင်လိုက်သည်နှင့် မိုးဆီက ပွစိပွစိဆူပူသံကိုစတင်ရင်ဆိုင်ရလေတော့သည်။
"ငါ အဆောင်မှာတစ်ယောက်ထဲနေရတာပျင်းလို့သေတော့မယ် မိုးရယ်!!!ကုမ္မဏီလာတာကလဲ ငါ့နေရာ လျှောက်သွားရတဲ့ရာထူးမှမဟုတ်တာ!!"
"ဟင်း..သဒ္ဒါကတော့နော်..."
မိုးဆီက အလိုမကျသံလေးကြားနေရက်နဲ့ သဒ္ဒါမျက်နှာချိုသွေးကာ ရီပြလိုက်လေသည်။
"ဆုလာဘ်သဒ္ဒါ ဌာနမှူးခေါ်နေတယ်!!"
"ဟုတ်ကဲ့!!မိုး ငါခဏသွားလိုက်ဦးမယ်နော်!!"
"အင်း သဒ္ဒါ... ဒါနဲ့ နင့်ကို ဌာနမှူးကဘာလို့ခေါ်တာလဲမသိဘူးနော်!"
"ငါလဲ မသိဘူး!!"
သဒ္ဒါတစ်ယောက် ဌာနမှူးရှိရာဆီကိုထွက်လာခဲ့လေသည်။
ဌာနမှူးနေရာက သဒ္ဒါတို့လို ရိုးရိုးသာမန်ဝန်ထမ်းတွေနေတဲ့နေရာ နဲ့ အလယ်မှာမှန်အကြည် တစ်ချပ်သာခြားထားသည်။"ဌာနမှူး ခေါ်တယ်ဆိုလို့!!"
"ဟုတ်တယ် သဒ္ဒါ...သဒ္ဒါ ခွင့်ရက်ရှည်ရထားတာပဲ...ဘာလို့၂ရက်ပဲနားတာလဲ သဒ္ဒါ"
"ဒီတိုင်း သဒ္ဒါကအကြာကြီးမနားချင်လို့ပါ ဌာနမှူး!"
"အော်...ဒါနဲ့ အခုရောခြေထောက်ဘယ်လိုနေလဲ သက်သာရဲ့လား..."
BẠN ĐANG ĐỌC
အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)
Lãng mạn"အတ္တတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ရယူပိုင်ဆိုင်လိုစိတ်နဲ့အနိုင်ယူလိုစိတ်ကို ကျေးဇူးပြုပြီးအချစ်လို့ခေါင်းစဉ်မတပ်ပါနဲ့လား သခင်" ***ဆုလာဘ်သဒ္ဒါ***