လေဆိပ်ရှေ့ စားသောက်ဆိုင်တစ်ဆိုင်ရှိ ငွေရှင်း ကောင်တာတွင် လူအများ မတ်တပ်ရပ်စောင့်နေြကသည်။ ထိုလူတန်းထဲမှာ အဓိကဇာတ်လိုက်ဖြစ်သည့် တစ်ယောက်သောသူ၏ အသွင်သည် တည်ငြိမ်ပြီး အေးချမ်းသည်။ထို့အပြင် ပုခုံးကျယ်တွေရယ် ခြေတံရှည်တွေရယ်က ထိုတည်ငြိမ်မှုကို ထပ်ကာ ပ့ံပိုးပေးနေကြသည်။
သို့သော် ဘယ်တစ်ဉီးတစ်ယောက်မှ ချောလိုက်တာဟူ၍ အရေးတယူ လှည့်မကြည့်ကြ။ ထိုအကြောင်းအရင်း၏ အဓိက တရားခံသည် နှာတံသွယ်နှင့် ဆွဲဆောင်မှုရှိသည့် မျက်ဝန်းတွေကို ကွယ်ထားကာ ဘောင်ခတ်ထားတဲ့ ပုလင်းဖင်လောက်ရှိသည့် မျက်မှန်ကြောင့်ပင်။
ဆိုင်က ဘာလို့ ဒီလောက်တောင် လူကျနေသလဲ ဟုတွေးကာ ရှေ့ကလူကို မြန်မြန်ပြီးပါတော့ဟု စိတ်ထဲမှ လှုံ့ဆော်ပေးနေမိသည်။
"နောက်တစ်ယောက်လာလို့ရပါပြီနော်...."
အသံကြားတာနဲ့ ကောင်တာနား အမြန်ရွေ့လိုက်ပြီး ကတ်တစ်ကတ်ကို ထုတ်ပေးလိုက်သည်။"ဧည့်သည်တွေကို ဒီလိုစောင့်စေမိတဲ့အတွက် တောင်းပန်ပါတယ်ရှင်....ဝန်ဆောင်မှုကိုလည်း အကောင်းဆုံးဖြစ်&%*÷!}{©<>°____"
စသည်ဖြင့် ဖြတ်ပိုင်းတစ်ခုကို ပြုလုပ်ရင်း တရစပ်ပြောနိုင်တဲ့ မိန်းကလေးကို သူပါးစပ်အဟောင်းသားဖြင့်သာ လိုက်ကြည့်နေမိသည်။ မိန်းမတို့မည်သည် စကားအလွန်များကြ၏။
"ရပါပြီရှင်"
"ကျေးဇူး..."
ငရဲက လွတ်ပြီဟုတွေးရင်း ကတ်ကို လှမ်းယူမည်ပြင်ချိန် ရုတ်ရုတ်သဲသဲတွေ ထဖြစ်တော့ တွန်းတိုက်ခံရကာ သူ့ကိုယ်ဟာ ကောင်တာစားပွဲနှင့် တိုက်မိပြီး လက်ထဲက ကတ်ထွက်ကြကာ မျက်မှန်ပါ ကျွတ်ထွက်သွားတော့သည်။ဒါဟာ သူ့အတွက် တကယ့်ကွိုင်ကြီးပင်။မျက်မှန်သည် အကောင်းစား ပုလင်းဖင်ထက် ပိုထူနေသည့်အတွက် အဲ့တာသာမပါရင် သူဟာ ကန်းနေသူနှင့် ဘာမှ ထူးမည်မဟုတ်။
ဝါးနေတဲ့ မြင်ကွင်းထဲမှ လူအုပ်ကြီးက အနီးအနားမှာပဲမို့ တက်မနင်းမိပါစေနှင့်ဟုသာ ဆုတောင်းရင်း ထိုင်ချကာ ကြမ်းပြင်ကို ဟိုစမ်းဒီစမ်းလုပ်နေမိသည်။ ကောင်တာက ကောင်မလေးကို အကူအညီတောင်းဖို့ ကြပြန်တော့လည်း ဆူညံနေတာကြောင့် သူ့အသံက တိုးပေါက်မည့်ပုံမပေါ်။

ВЫ ЧИТАЕТЕ
Ajushi
Фанфикဘာလို့များ အဲ့ဒီ မျက်မှန်ထူထူနဲ့ အာဂျူးရှီးကို ကျွန်တော် တော်တော်လေး ပိုင်ဆိုင်ချင်နေရတာတဲ့လဲ။ 25 6 2022