|11|

206 24 40
                                    

ကန်တင်း၌ ဝန်ထမ်းပေါင်းများစွာဟာ စည်ကားနေကြလျက်။

တချို့ကတော့ ဆူကောက်နေတဲ့ သူတို့ အချစ်တော် ဂျောင်ကုရဲ့ မှုန်ကုတ်ကုတ်မျက်နှာလေးကို စနောက်သွားကြသေးသည်။

သူ့လိုကိုယ့်လို အိုင်ဒေါတွေ အပြင် တခြားသော ကျွမ်းကျင်ရာ ပိုင်နိုင်ရာ ဝါသနာရှင် ပညာရှင်တွေ အသီးသီးဟာ ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြသလို တဖက်သားရဲ့ သိသာလွန်းတဲ့ ကိုယ်ရေးကိုယ်တာကိုတောင် ရိပ်မိရဲ့နဲ့ အပြင်ကို မပေါက်ကြားစေပါပဲ နှုတ်လုံကြသည်။ ထို့အစား စတာ နောက်တာကိုတော့ ဂျောင်ကုရော အာဂျုးရှီးပါ အလူးအလဲ ခံရပေလိမ့်မည်။

ထိုသို့ စနောက် တိုင်းလည်း ပြုံးမြဲ ပြုံးကြရသည်ချည်း။

ဒါပေမယ့် ဒီတစ်ခါတော့ မှောင်နေတဲ့ မျက်နှာလေးဟာ လင်းမလာ....

ဘာအတွက် ဒီလိုပုံစံ ဖြစ်နေရသလဲဆိုရင် အရင်နေ့တွေကလို သူနဲ့တူတူ မျက်နှာပြောင်တိုက် လာမထိုင်ခဲ့တဲ့ အာဂျုးရှီးကြောင့်ကလွဲ ဘာရှိမှာလဲ။

မနက်တည်းက ရောက်လာတဲ့ ဖြူဖြူချောချော အကိုတစ်ယောက်ကို ပြောမကုန်နိုင်တဲ့ စကားတွေနဲ့ ဧည့်ခံနေရှာတာ ခုချိန်ထိ အခန်းထဲကတောင် ထွက်မလာနိုင်။

ကိုယ်ကပဲ ကုမ္ပဏီက အကိုတွေ အစ်မတွေ ပြောသလို မူလွန်းလို့ အာဂျုးရှီးက တစ်ယောက် ပြောင်းသွားတာလား။ဒါတော့ မရဘူးနော် ဂျောင်ကုက လက်ခံမှာတဲ့လား။ နိုးပဲ။

တူအစုံကို စောင့်ချပြီးတဲ့နောက် ဝိုင်းကြည့်ခံနေရတာကို ဂရုမစိုက်နိုင်ဘဲ ရန်ရှာဖို့ အာဂျုးရှီးအခန်းဆီ လှမ်းပစ်လိုက်သည်။

"တွေ့မယ် ကျွန်တော့်အကြောင်းကို ကောင်းကောင်းသိ​စေ ရမယ်။"

တောင်းပန်တယ်လည်း ပြောပြောနေတယ်။ လူကိုလည်း အကုန်ဖြည့်စည်းပေးတယ်။ ပစ်လဲချင်စရာ မျက်လုံးတွေနဲ့လည်း လာကြည့်တယ်။ အဲ့တာကြောင့် ငါ့ကို ချစ်နေတာပဲ ဆိုပြီး နည်းနည်းလောက် အချိန်ယူနေတာဖြစ်မှာပါ ဆိုပြီး ဖွင့်ပြောတာကို စောင့်နေတာကို ငတုံးကြီးက မ​ကြိုက်​ေတာ့ဘူးထင်ပြီး လူကို ပစ်သွားတာပေါ့။

AjushiTempat cerita menjadi hidup. Temukan sekarang