"မြွေ မြွေ အာဂျူးရှီး....."
လူပေါ်သို့ ကရော်သောပါးပြေးတက်ပြီး လည်ပင်းဆီ မျက်နှာအပ်ကာ ေအာ်နေသူ။ ခန္ဓာကိုယ်တွေလည်း တန်းတူသလို ယောင်္ကျားသားချင်းမို့ အနှစ်သည် ပြည့်သည်ထက်ပင် ပို၏။"အဆိုတော်....ခဏ ဆင်းအုံးလေ...."
"ဟင့်အင်း.... အာဂျူးရှီး တံခါး အရင်ပိတ်လိုက်.....နောက်မို့ဆို သူပါ လိုက်ဝင်လာလိမ့်မယ်။"
"ဟုတ်ပြီ ကိုယ်ပိတ်ပေးလိုက်ပြီးနော်...."
အရင်ကတော့ ဘုဘောက်ပြောမလို့ လုပ်ပေမယ့် လည်ပင်းဆီမှ သူ့ဆွယ်တာတွင်းသို့ စီးကျလာတဲ့ အရည်တွေရယ် တုန်ယင်နေတဲ့ ကိုယ်ရယ်ကြောင့် ချော့မော့ပြောလိုက်မိသည်။"အာဂျူးရှီး...အဟင့်....မြွေကလေ ကျွန်တော့်ကုတင်ခေါင်းရင်းကို ရောက်နေတာဗျ...."
ပွယောင်းယောင်းနှာခေါင်းသည် ထိပ်မှာ ရဲလို့....
ချွေးပြန် ထားသည်ကြောင့်ရော ရာသီဉတုကလည်း နွေရာသီနှောင်းပိုင်းပေမယ့် ဆောင်းဉီးလည်း မကျသေးတာကြောင့် နွေးနေတာကြောင့်ရော ပေါင်းကာ ဆံပင်ဘုတ်သိုက်တွေသည် အဆိုတော့် နဖူးပြင်ပေါ် ကပ်နေကြေတာ့သည်။ဒီညတော့ နှစ်ဉီးစလုံးမှာ ဖရိုဖရဲ....
"လာဒီမှာ ထိုင်အုံး ခဏ...မင်းပြေးတက်တော့ ကိုယ်က ဒရမ်မာထဲကလို ပိုးဟပ်မြင်လို့များလားလို့...."
စားပွဲမှာ နေရာချပေးကာ ဖန်ခွက်ထဲ ရေဖြည့်နေရင်း သူ စိတ်ပြေလိုပြေငြား ပြောလိုက်တော့ အဆိုတော်က ပြုံးလာသည်။
"မဟုတ်ပါဘူး ကျွန်တော်က အဲ့လိုမျိုးလောက်ကို မကြောက်ပါဘူး ပိုးကောင်လေးတွေဆို ချစ်တောင် ချစ်သေးတယ်။"
"ဪ အေးပါ....သောက်လိုက်အုံး...."
ဖန်ခွက်အကြည်လေးကို ပေးလိုက်တော့ လှမ်းယူလိုက်တဲ့ လူကြောင့် တခဏ ထိမိသွားတဲ့ လက်တွေသည် ရင်ခုန်ဖို့ လုံလောက်နေပြန်သည်။"ဟုတ်....ကျေးဇူးပါ အာဂျုးရှီး...."
ဂျောင်ကု ရေမသောက်ရသေးခင် အရင်ကျေးဇူးတင်ပြီးတော့မှ တကျိုက်တည်း မော့သောက်ကာ စကားပြန် စလိုက်သည်။"ဘာလို့လဲ အာဂျူးရှီးက ပိုးဟပ်ကြောက်လို့လား"
"အေး....မင်းကိုတောင် ပစ်ချပြီး ငါက ဆိုဖာ ပေါ် တက်ပြေးမလို့ လုပ်နေတာ...."

ESTÁS LEYENDO
Ajushi
Fanficဘာလို့များ အဲ့ဒီ မျက်မှန်ထူထူနဲ့ အာဂျူးရှီးကို ကျွန်တော် တော်တော်လေး ပိုင်ဆိုင်ချင်နေရတာတဲ့လဲ။ 25 6 2022