မြို့ပြင်ဘက်သို့ ထယ်ယောင်း စိတ်လန်းဆန်းအောင် လုပ်ဖို့ ထွက်လာခဲ့လိုက်သည်။ ဂျီမင်လည်း သူချစ်ရသူနဲ့ လက်ထပ်ပြီး၍ ဟန်နီးမွန်းပင် ပြည်ပသို့ ထွက်သွားခဲ့သည်။
မေ့မသွားရဘူးနော်လို့ ပြောတဲ့သူက သူယောင်္ကျားနောက်သို့ ညတွင်းချင်းပင် ဉရောပအနှ့ံခြေရာတွေ ဖြန့်ခဲ့မယ်ဆိုကာ လက်ထက်ရမယ့်ညက ငိုထားလို့ဖောင်းအစ်နေတဲ့ မျက်လုံးတွေမှ အားမနာ လိုက်သွားသည်က ဒီကသူကိုပင် အားမနာ လျှာမကျိုး။
ဟိုတစ်ယောက်ကိုလည်း ရှောင်နေရတဲ့သူ့အဖို့ အရင်တုန်းကဆို တစ်ယောက်တည်း အေးအေးသက်သာ ပျော်မိမှာကြိမ်းသေပေမယ့် ပျင်းနေမိခြင်းက ထူးဆန်းစွာ....
ထိုအဆိုတော်ဟာ နေ့ရက်တိုင်းကို ဆိုးဆိုးဆတ်ဆတ်တွေ လာလာပတ်သက်နေတော့ သူ့စိတ်ထဲမှာ ဝေးကွာနေခြင်းကပင် နေသားမကျတော့သလို....
ဒီလိုဆိုလျှင် မဖြစ်သေးပါ....
"အာဂျုးရှီး....ဒီမှာ ဘာလုပ်နေတာလဲဗျ။"
မြို့ပြင်မှ လူခြေတိတ်သည့် ကန်ကြီးဘေးနားက မြက်ခင်းပေါ် ဖျာတစ်ချပ်ခင်းထိုင်၍ ကင်မရာအသေးလေးတစ်လုံးနှင့် မှတ်တမ်းတင်နေတုန်း ကြားလိုက်ရတဲ့ အသံကြောင့် လှည့်ပတ်ကြည့်တော့ ဘာမျှမတွေ့။သူများ နားကြားလွဲလေသလား။ နားကြားလွဲတာကပင် ထိုကောင်လေးအသံတဲလား။
"အာဂျုးရှီး...!!"
ဂျောင်ကု နောက်မှ ခြေသံဖွကာ ပုခုံးနှစ်ဖက်ကို လှမ်းကိုင် ခြောက်လိုက်သည်။"ပလုတ်တုတ်...$%&#"
"ကျွန်တော် ထိုင်မယ်နော်...အာဂျုူရှီးယောင်တာ ချစ်စရာလေးဗျ...."
"အဟမ်း မင်း...ဘယ်လိုလုပ် ငါဒီမှာရှိတာ သိတာလဲ။"
ထယ်ယောင်း လန့်ဖျန့်ပြီးထွက်လာတဲ့ အာမေဋိတ်သံကို ချောင်းတစ်ချက်ဟန့်ပြီး လာရင်းအကြောင်းကို မေးလိုက်သည်။အဖြေပြန်မလာတာကြောင့် ဘေးဘီကို မသိမသာကြည့်လိုက်တော့ စုံမိသွားတဲ့ ရွှန်းရွှန်းစားစားမျက်လုံးတွေ....
"ဘာ....ဘာကြည့်နေတာလဲ။"
"အာဂျုးရှီးကိုလေ....."

YOU ARE READING
Ajushi
Fanfictionဘာလို့များ အဲ့ဒီ မျက်မှန်ထူထူနဲ့ အာဂျူးရှီးကို ကျွန်တော် တော်တော်လေး ပိုင်ဆိုင်ချင်နေရတာတဲ့လဲ။ 25 6 2022