"အာဂျူးရှီး အပြင်ထွက်မလို့လားဗျ...."
"အင်း မင်းရော ဘယ်လဲ...."
"ကျွန်တော်က ကုမ္ပဏီကနေ ခေါ်လို့ဗျ ကျွန်တော့်ကားနဲ့ လိုက်ခဲ့မလား။"
"ရပါတယ် ကိုယ့်ကားနဲ့ကိုယ်ပဲ သွားလိုက်ပါ့မယ်။"
အခန်းအပြင်သို့ ထွက်လာတုန်း တည့်တည့်ကို တိုးတဲ့ သူတို့နှစ်ဉီး။ တိုင်ပင်ထားလျှင်တောင် ဒီလို ဆုံဖြစ်ကြမှာမဟုတ်။"ဒါဆိုလေ...ကျွန်တော်ပါ လိုက်လို့ရမလား။ ကျွန်တော့်မန်နေဂျာက မအားတော့ လာမခေါ်နိုင်လို့ပါ။ ကျွန်တော်လည်း သိပ်ပြီး မကျွမ်းကျင်ဘူးလေ မတော်တဆ...."
စီတန်းနေအောင် ပြောပြလာတဲ့ အကြောင်းအရင်းတွေအား နားမခံသာ၍ တားယူရသည်။"ဟိုး ဟိုး ရပြီ ကိုယ်လိုက်ပို့ပေးမယ်။"
တံတွေးတွေ တပ်မမှန်ရုံ ပြောနေတဲ့ အဆိုတော်သည် ပါးလွှာပိရိတဲ့ နှုတ်ခမ်းလေးကိုလည်း တထော်ထော်လုပ်နေသေးရဲ့။"တကယ်လား အာဂျူးရှီး ကျေးဇူးပါဗျ...."
လောကဝတ်စကားတွေ ပြောဖို့တော့ ဂျောင်ကုဟာမမေ့။"အင်း....လမ်းကြုံပါ့မလား မင်းက ဘယ်ကို သွားမှာလဲ"
"ကျွန်တော်က သိပ်မဝေးဘူးဗျ HYBE ထိပဲ။သိတယ်မလားဗျ။"
"အင်း ကိုယ်သိတယ် တက်လေ..."
ဓာတ်ပုံရိုက်ဖို့ကလွဲ အပြင်သိပ်ထွက်လေ့မရှိပေမယ့် ဒီနားတဝိုက်မှာပဲ အချိန်အတော်ကြာ ကျင်လည်ခဲ့တာမို့ နာမည်ကြီးEnt ရဲ့တည်နေရာကိုတော့ သူကောင်းကောင်းသိပါသည်။"ဟုတ်ကဲ့ "
ကားပေါ်သို့ ရောက်တဲ့အခါ တစ်ချက်ပြုံးပြပြီး ခါးပတ်ကြိုးတပ်ဖို့ သတိပေးလိုက်၏။ ဟိုတလော မြွေ ကိစ္စပြီးကတည်းက မတွေ့ဖြစ်တော့တာပဲ တော်တော်ကြာလေပြီ ဖြစ်ပြီး အဆိုတော်သည်ပင် ဆံပင်ပုံစံပြောင်းသွားခဲ့ပြီ။
အရင်က သူစည်းပေးခဲ့ဖူးသည့် ခပ်အုပ်အုပ်ဆံပင်လေးဟာ အနည်းငယ် ပုံသွင်းကာ ညှပ်ခြင်းခံလိုက်ရပုံဖြင့် ချစ်ဖို့ကောင်းတဲ့ ရုပ်ကလေးမှာ ယောင်္ကျားဆန်သွား၏။ သို့သော် အပြုအမူ အပြောအဆိုကတော့ ရှိရင်းစွဲအတိုင်း သိမ်မွေ့တုန်း။

BẠN ĐANG ĐỌC
Ajushi
Fanfictionဘာလို့များ အဲ့ဒီ မျက်မှန်ထူထူနဲ့ အာဂျူးရှီးကို ကျွန်တော် တော်တော်လေး ပိုင်ဆိုင်ချင်နေရတာတဲ့လဲ။ 25 6 2022