|13|

223 25 4
                                    

ထုံးစံအတိုင်း သူဟာ အလုပ်ပိတ်ရက်တစ်ခု၏ မနက်ခင်းမှာ ကောင်လေးထက် နောက်ကျမှ နိုးလာခဲ့ပြန်ပြီ။

အတူနေလာတာ တစ်ပတ်ရှိပြီဖြစ်သော်လည်း ညဘက်တွေဆို အလုပ်လုပ်ရ ပိုရွှင်တဲ့ သူက မနက်ဆိုလျှင်တော့ သူ့ရဲ့ အဆိုတော် ချက်ပြီးပြုတ်ပြီးမှ နိုးလာတတ်တာဟာ ပုံသေလိုပါပဲ။

ဧည့်ခန်းတွဲရပ်က မီးဖိုခန်းလေးထဲမှာ တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေတဲ့ ကောင်လေးက သူ့လှုပ်ရှားမှုကို မျက်လုံးအစွန်ကနေ မြင် ​လိုက်ပုံဖြင့်....

"အာဂျုးရှီး နိုးပြီလား ခုပဲ လာနှိုးမလို့။"

"အင်း ကိုယ် နည်းနည်း နောက်ကျသွားတယ် ဘယ်နှနာရီရှိပြီလဲ။"
မျက်လုံးကုသမှုကို ခံယူခဲ့တဲ့ ထယ်ယောင်းဟာ စာလုံးတွေရယ် သေးငယ်တဲ့ အရာတွေကိုသာ သဲသဲကွဲကွဲ မရှိသေးတာကလွဲရင် အကုန်ကောင်းမွန်နေပြီဖြစ်သည်။ မျက်မှန်ခပ်ပါးပါးကိုတော့ တပ်ထားရတုန်းပေမယ့် အတော်လေးကို အမြင်အာရုံဟာ တိုးတက်လာလေသည်။

သို့သော်...မနက်ပိုင်း နိုးထလျှင်တော့ ဂျောင်ကုကိုသာ ဉီးတည်ပြီး အချိန်တွေကို မေးတတ်သေး၏။

ဂျောင်ကု မနက်စာလက်စသတ်နေရင်း ပြုံးလိုက်ကာ နည်းနည်းနောက်ကျနေပြီဆိုတဲ့ အချိန်ကို ပြောပြလိုက်သည်။

"၁၀ နာရီခွဲ နေပြီ အာဂျုးရှီးရဲ့။"

"အာ...ဟုတ်လား အဆိုတော်က နှိုးမှပေါ့ ခုထိ မနက်စာမစားရသေးဘူးမလား။"

"ရတယ် ကျွန်တော် နေ့လည်စာနဲ့ ပေါင်းစားလိုက်တော့မယ်။"
စကားပြောနေစဉ် အနားကို လျှောက်လာတဲ့ အာဂျုးရှီးကို ပြုံးပြလိုက်တော့ တာဝန်မဟုတ်သော တာဝန်လေးဖြစ်တဲ့ အနမ်းနွေးနွေးက နဖူးပေါ် ရောက်လာသည်။

ဟိုအရင်က ပထမဆုံး နှီးနှောခြင်းမှာ သူက ဉီးဆောင်သူဖြစ်ခဲ့ပေမယ့် အာဂျုးရှီးက သူ့အတွက်တော့ အိမ်ဉီးနတ်ပါပဲ။ ကျွန်တော်က ယောင်္ကျားလေးပေမယ့် အာဂျုးရှီးနဲ့ဆိုရင်တော့ ဒီလို ပျော်ရွှင်စွာ နေထိုင်လိုပါ၏။

"ကိုယ်လည်း ပေါင်းစားလိုက်တော့မယ်။"

"နေ့လည်စာကိုလား ကျွန်တော့်ကိုလား။"

AjushiWhere stories live. Discover now