|10|

209 27 2
                                    

လုံခြုံတယ်လို့ ခံစားစေတဲ့၊ အကြွင်းမဲ့ကို လုံခြုံစေတဲ့ ခပ်နွေးနွေးရင်ခွင်ကို ဂျောင်ကု တွန်းထုတ်လိုက်သည်။

ခုမှ ဘာလို့ ပြန်လာတာလဲ။ သူ့အခြေအနေတွေကို သိပြီးလောက်ရောပေါ့ ဒါဆို လှောင်ပြောင်ဖို့လား။

ဒါမှမဟုတ် သူ့ထက်ပိုတဲ့ အောင်မြင်မှုကို လူကိုယ်တိုင် လာကြွားဝါလေသလား။

မေးခွန်းပေါင်း များစွာရဲ့ အလယ်မှာ သူ့ခေါင်း ချာချာလည်တော့သည်။ ကုတ်ရှည်ကို ဝတ်ဆင်ထားပြီး အရင်နဲ့ လားလားမျှ မဆိုင်တဲ့ ရှေ့ကလူဆီက သနားစရာမျက်ဝန်းတွေနဲ့ ဆက်ဆံတာကို မနှစ်မြို့လွန်းလို့ ထုရိုက်ပစ်ချင်နေတာ သူ့အလွန်လား။

သူလည်း ယောင်္ကျားတစ်ဉီးပါ ဒီလောက်နဲ့ လဲကျမယ်လို့ ထင်နေတာလား။

နောက်ပြန်လှည့်ပြီး တံခါးကို စောင့်ပိတ်ဖို့ ပြင်တော့ ကျန်ခဲ့တဲ့ သူက ခွင့်မပြု။ စူးစူးနစ်နစ် စိုက်ကြည့်လိုက်တာ သူပေမယ့် မျက်စိလွှဲလိုက်မိတာလည်း သူပဲ။

ကြာရှည်စွာ မှီဝဲမိရင် သူပဲ ဒီနွံထဲ နစ်ရအုံးမှာ။ ယောင်္ကျားပေမယ့် နှလုံးသားဟာ သူနဲ့ပက်သက်ရင် နုနုနယ်နယ်မို့ ထိုမျှထိလည်း မရဲတင်းပြန်။

"ကိုယ်တောင်းပန်ပါတယ်။ "

"ဘာအတွက်လဲ ကျွန်တော်က တောင်းပန်ရလောက်တဲ့ထိ အရေးပါရဲ့လား။"
မေးတုန်းက မေးပေမယ့် အရေးမပါဘဲ တာဝန်အရဆိုတဲ့ စကားနဲ့ တဖြန်းဖြန်း ရိုက်ချမှာ ကြောက်ရသေးတယ်။

ဟုတ်ပါတယ် သူသာ အရှုံးသမား။

ဘယ်မလဲ ဂျောင်ကု မင်း အရင်က ေကြွးကြော်ထားတဲ့ မေ့ပစ်တော့မှာဆိုတဲ့ အပြောတွေ....

"ဆောရီး ပါးစပ်ကနေတောင် ထုတ်ပြောဖို့ ကျွန်တော်က မထိုက်တန်တာ မေ့သွားတယ်။ စိတ်ထဲ မထားပါနဲ့။"

"မဟုတ်ပါဘူး...ကိုယ်...အဲ့လိုမျိုးထိ မရည်ရွယ်ပါဘူး တောင်းပန်...."

"တော်ပါတော့..... ခင်ဗျား"
သူ ပိတ်အော်လိုက်တော့မှ ထိုလူက တအ့ံတဩနဲ့ ငုံ့ထားတဲ့ ခေါင်းကို မော့လာသည်။

ဘာလဲ မျက်ရည်ကျနေတာလား။ ဒါကရော ဘာအတွက်လဲ။

"ဒီမှာ ခင်ဗျား မျက်ရည်တွေ လာကျပြမနေနဲ့။ ကျွန်တော် ခင်ဗျားအပေါ်ဆို လွယ်လွယ်ကျရှုံးရတာ ဝန်ခံတယ် ဒါပေမယ့် မျက်ရည်တော့ မကျစမ်းနဲ့။ မကြိုက်ဘူး။"

AjushiTempat cerita menjadi hidup. Temukan sekarang