|12|

225 21 6
                                    

မီးဖိုခန်းလေးအတွင်း လျှပ်စစ်မီးဖိုပေါ်က အိုးလေးမှ ရေနွေးဆူပွတ်သံသည် ညံနေ၏။

အခိုးအငွေ့တွေ တက်လာပြီဆိုတာနဲ့ ခေါက်ဆွဲပြုတ်နှစ်ထုတ်ကို ဖောက်ထည့်ကာ တန်ဆာပလာတွေပါ မွှေနှောက်ထည့်ပြီး အချိန်တစ်ခုအကြာ သူလိုချင်တဲ့ ပမာဏရတော့ လက်အိတ်စွပ်ကာ ချလိုက်သည်။ ထို့နောက် အသင့်ပြင်ပြီးသား ပန်းကန်နှစ်လုံးထံ ညီတူညီမျှ ခွဲထည့်လိုက်သည်။

ထိုပန်းကန်တွေအောက်က ခံယူထားတဲ့ လင်ဗန်းလေးကို ယူလာပြီး ဧည့်ခန်းထဲ ရှိမနေမှန်း သိလို့ အိပ်ခန်းဆီသာ ဉီးတည်လိုက်သည်။

အဆိုတော်သည် မကြိုက်ခင်ကလည်း မကြိုက်သေးလို့ ကြိုက်တော့လည်း ကြိုက်သွားပြီမို့လို့ ဆိုကာ ရုပ်ကလေးဗန်းပြပြီး သူ့ဘဝကို ခြယ်လှယ်နေတတ်တာ ကြာပြီ။ သူကလည်း ဘာထူးလဲ အကြီးတန်မဲ့ စိတ်မရှည်တတ်တာကလွဲရင် ဆူကောက်ကောက်နဲ့ သိသိသာသာ ငြိမ်ခံနေတတ်နေတာ မဟုတ်လား။

တွေးရင် ပြုံးရင်းနဲ့ အပျော်လုံးက စို့လာပြန်ပြီ။ ဒီနေ့က အယ်လ်ဘမ် ထွက်တဲ့နေ့မို့ အဆိုတော်တစ်ယောက် တစ်ညနေလုံး ထိုင်မရ ထမရဖြစ်ပြီး သူ့ဆီ နပူနဆာ လာလုပ်နေတာက ခုမှ အတော်လေး ငြိမ်သက်သွားတာ.....

ကိုယ့်ကောင်လေးမို့လို့ ပြောတာမဟုတ်ပေမယ့် အဆိုတော်က ငယ်ငယ်ရွယ်ရွယ် အရည်အချင်းရှိလွန်းတဲ့ သူမဟုတ်လို့လား။ ပြီးတော့ လူချစ်လူခင်များသလို စိတ်ထားလေးကလည်း ဘယ်လောက်ဖြူစင်သလဲ။

ဟိုတလော က သတင်းကြောင့်နဲ့ ကိုယ့်ကောင်လေးရဲ့ ဂုဏ်က ဘယ်လောက်များ ညှိုးကျသွားမှာမို့လို့လဲ။ အောက်ကို တစ်ထစ်ကျခဲ့ရင်တောင် တဖန် ဆယ်ထစ်လောက် ပြန်တက်လာမယ့် အမျိုးကောင်းလေးဆိုတာ ကိုယ်ရော သူ့ပရိသတ်ကလေးတွေပါ အသိ။

တခါတလေဆိုတွေးမိတယ် ကိုယ်အချစ်က အဆိုတော့်ပုရိသတ်ကလေးတွေရဲ့ မေတ္တာဓာတ်ကလေးတွေကို ကျော်နိုင်လိမ့်မယ် မဟုတ်တဲ့ အကြောင်း။

အခန်းထဲကို ရောက်လာတော့ မိသားစုနဲ့ ဗီဒီယိုကောလ် ပြောနေပုံရတာမို့ အဆိုတော်က မပြီးပြတ်သေးတဲ့ အပြုံးလေးနဲ့ သူ့ကို ကြည့်ပြုံးပြတော့ ပြန်ပြုံးပြပြီး စားပွဲပုလေးပေါ် အစီအရီ တည်ခင်းထားပေးထားလိုက်သည်။

AjushiWhere stories live. Discover now