|8|

180 22 40
                                    

ကော်ဖီဆိုင်လေးတစ်ဆိုင်တွင် ဂန္ဓဝင်တေးဂီတသံသည် သာယာစွာ ငြိမ့်ငြောင်းစွာ ပြန့်လွင့်နေလေသည်။

နေရောင်ကာ မှန်ကနေ ထိုဆိုင်လေးထဲ ကြည့်လိုက်လျှင် မျက်မှန်တစ်လက်ကို မကြာမကြာပင့်တင်ကာ လပ်တော့ပ်တစ်လုံးနှင့် အလုပ်ရှုပ်နေသော လူသားလေးအား မြတ်နိုးဖွယ် မြင်နိုင်ပေမည်။

စင်္ကြန်လေးအတိုင်း လမ်းလျှောက်နေရင်းမှ မင်ယွန်းဂီ ထိုပုံရိပ်လေးကြောင့် ခေတ္တမဟုတ်ပါဘဲ အတော်ကြာအောင် ရပ်တန့်သွားသည်။

မင်ယွန်းဂီအပြင် လူတချို့ဟာလည်း ထိုလူသားအား အ့ံဩစွာ ငေးကြည့်နေကြသေး၏။

သုတ်သုတ် ဆိုင်ထဲဝင်တဲ့အခါ ဆိုင်တံခါးမှ ခေါင်းလောင်းငယ်တို့အသံက ဂီတသံတို့ထံ ရောယှက်သွားကြသည်။

"ဒေါက်....ဒေါက်...."

"ကိုယ်ထိုင်လို့ ရမလား။"

"အာ...မင်ယွန်းဂီရှီး...ထိုင်ပါဗျ...."
စားပွဲလေးကို လက်ဆစ်ဖြင့် ခေါက်ကာ ခွင့်တောင်းတော့ ပျူငှာစွာ ဆက်ဆံသည်။ သို့သော်.. အနည်းငယ် စိမ်းသက်နေသေး၏။

"ယွန်းဂီလို့ပဲ ေခါ်လို့ရပါတယ် ကိုယ်မင်းထက် နှစ်နှစ်နီးပါးပဲ ကြီးတာမလား။"

"ရတယ်လား ဒါဆို အဲ့လိုပဲ ခေါ်တော့မယ်နော်....ကျွန်တော့်ကိုလည်း ထယ်ယောင်းလိ​ု့ပဲ ခေါ်လေ"
စစတုန်းကထက် ပိုသွက်လာတဲ့ သူသည် အောင့်အီးနေရတာကို အသားကျသွားသလိုပုံစံမျိုးဖြစ်နေပြန်သည်။

"ဒါနဲ့ ကိုယ် တောင်းဆိုထားတာကိုရော လက်ခံဖို့ အစီအစဉ်မရှိတော့ဘူးလား။ လိပ်စာကတ်ပေးထားတာတောင် ဖုန်းတစ်ချက်မဆက်ဘူးနော်...မင်း။"

ဝိတ်တာလေးအား မှာစရာရှိတာ မှာရင်း ယွန်းဂီက စနောက်ပြောလိုက်လျှင်ပဲ ထယ်ယောင်းဟာ ချက်ချင်း တောင်းပန်တော့၏။

"တောင်းပန်ပါတယ် ကျွန်တော်...ဟို လေ ကတ်က ကျပျောက်သွားလို့ပါ...အဲ့လိုသာမဟုတ်ရင် ဆက်သွယ်ပါတယ်...."

"ဂျီမင့်ကို မေးလည်း ရတာပဲလေ...ထယ်ယောင်း ကိုယ်တိုင်က..."

"အဲ့...အဲ့လိုမဟုတ်ပါဘူး...ဂျီမင်နဲ့ ဖုန်းပြောတိုင်း ယွန်းဂီ့အကြောင်းကို မေ့မေ့သွားတော့....အဲ့ဒါ...."
အရှေ့က အူတူတူလူသားကို ကြည့်ပြီး မင်ယွန်းဂီ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်။ ဪ...အေးလေ ကိုယ်က ပွဲတစ်ခုမှာ အမှတ်တမဲ့ ကူညီပေးခဲ့ဖူးတဲ့ အသိမိတ်ဆွေအဆင့်တောင် မရှိသေးတဲ့ လူမဟုတ်လား။

AjushiOnde histórias criam vida. Descubra agora