|2|

391 43 77
                                    

"အာဂျူးရှီး....."
ပျော်သွားသည်ကို မဖုံးဖိနိုင်တော့သလိုနှင့် ထယ်ယောင်းအနား ကပ်လာသည့် အဆိုတော်....

နှစ်ဉီးသားနီးကပ်သွားသည့်အခါ အရပ်အမောင်းကောင်းသူများဖြစ်သည့်အထိုက်အလျောက် မျက်နှာများသည် နီးကပ်သွားလေရဲ့။ထိုအခါ အပြုံးတွေသည် ပိုလှသွားသယောင်ရှိပြီး သွားတန်းညီညီဖွေးဖွေးလေးတွေသည်လည်း ထင်ပေါ်နေတော့၏။

"အာဂျူးရှီး ကျွန်တော့်ကို မမှတ်မိတော့ဘူးလား။ လေဆိပ်ရှေ့က ကဖေးဆိုင်မှာလေ...."
မျက်လုံးတွေကလည်း ဝိုင်းစက်ကာ ကြည်လင်နေပြန်၏။ ဘာလို့ ဒီကောင်လေးနဲ့မှလဲ ကင်ထယ်ယောင်းရယ်...

"အာဂျူးရှီး..."
လက်မောင်းကို ကလေးတွေ ဂျီကျသလို ဆွဲလှုပ်တော့မှ ထယ်​ယောင်းတစ်ယောက် သတိရတော့၏။

"မှတ်...မှတ်မိတယ်။"

"အာ...တော်ပါသေးရဲ့မှတ်မှ မှတ်မိပါမလားလို့ ဒါနဲ့လေ အာဂျူးရှီးမျက်မှန်အဆင်ပြေရဲ့လား။ ကျွန်တော့်ကြောင့် ဖြစ်သွားတာနေမယ်။ ကောင်မလေးတွေက ကြိတ်တိုးနေတော့...."
သူ့မျက်မှန်အကြောင်း ပြောနေတုန်းက အဆိုတော်က ချစ်ဖို့ကောင်းပါလျက် ခုကျမှ ဘာလို့ မုန်းစရာကောင်းသွားတယ် မသိ။

"ရတယ် ကိုယ်အဆင်ပြေတယ် မင်းက အိမ်နီးချင်းမလား ကိုယ်မှတ်ထားလိုက်ပါ့မယ်။"
သူအဲ့လိုပြောတော့ ကောင်လေးက ပါးစပ်ဟောင်းလောင်းလေးနှင့်။ သူက နိုင်ငံကျော် အဆိုတော် တဖြစ်လည်း မော်ဒယ်ဆိုတာကို မသိဘူးဟု သူထင်နေသည် ထင်၍ ဖြစ်လိမ့်မယ်။

"အာ...အာဂျူးရှီး နေပါအူံးခင်ဗျ...."
အထဲဝင်မလို့ လုပ်တဲ့အခါ သူ့အခန်းတံခါးကို ဆွဲထားပြန်သည်။

"ဘာများလဲ။"

"ရိုင်းတယ်လို့ မထင်ပါနဲ့နော်...နာမည်လေး သိလို့ရမလား။"

"ကင်ထယ်ယောင်းပါ "

"ကင်ထယ်ယောင်း ဪ ဟုတ် မှတ်ထားလိုက်ပါပြီ။ အာဂျူးရှီး လို့ပဲ ခေါ်မယ်နော်...ကျွန်တော့်ထက်လည်း အများကြီး ကြီးလောက်မယ့်ပုံမလို့ ခင်လို့ရတယ်မလားခင်ဗျ...."

ကင်ထယ်ယောင်း မျက်ခုံးပင့်သွားသည်။ နာမည်ကို မေးတာမရိုင်းသလို နာမ်စားကိုလည်း ခေါ်ချင်သလို ခေါ်ခွင့်ရှိ၏။သို့သော် ထိုအခေါ်အဝေါ်အတွက် အသက်ကို ထည့်ပြောတာကတော့ သူ့အား အနည်းငယ် စိတ်ထင့်စေ၏။

AjushiWhere stories live. Discover now