နိဒါန်း

573 48 20
                                    

Unicode

နိဒါန်း

မမြင်ရတဲ့ မေတ္တာတွေကို
ဝှက်ကြည့်ကြမလား.....။

အတ္တပြိုင်ကြီးမလား.....
ဒဏ်ရာတွေ ပြိုင်ပေးကြဦးမလား။

ဗန်ဒါစေ့ပုံ မျက်ဝန်းတွေက
စူးစူးရှရှကြည့်ပစ်လိုက်ရင်
မလုံမလဲရှောင်လွှဲတတ်တဲ့ မျက်ဝန်းကျဥ်းတွေကို အချစ်လို့ ယိုးမှားရင်ရော...။

ရယ်မိပါတယ်လေ.....
သူ့စိတ်ဟာ နားလည်ရခက်သား။
အော်ငေါက်သံတွေကြား
လူတွေဝေးကြရင်း တဖြည်းဖြည်း ဝေးသွားရရင်း...ဒဏ်ရာတွေနက်လာတဲ့အခါ လက်နဲ့ဖိပြီး အသာလေးငိုတယ်....အပြုံးလေးတွေဖုံးလို့ရယ်ပေါ့...။

ကြည့်ပါ...ပန်းတွေလည်း ခြောက်တတ်ပါတယ်။ မလှနိုင်တော့ရင် နွမ်းမယ်...မချစ်နိုင်တော့ရင် ပစ်မယ်..။
နောက်ဆုံး.. အဖြေကတော့ မပစ်ရင် အချစ်ပေါ့..။

အချစ်...။
နှစ်လုံးတည်းနဲ့ ကမ္ဘာနှစ်ခုစာ ရှုပ်ထွေးလွန်းတဲ့ စကားစု..။

နှလုံးသားတွေ ဘယ်နှခုကိုများ
သတ်ခဲ့ပြီးပြီလဲ။
နောက်ထပ် ဘယ်နှခုကိုများ ထပ်သတ်ဦးမလဲ။

"ပေးရမလွယ်တဲ့ မေတ္တာကို
လျှံပယ်အောင်ပေးတတ်ခဲ့ပြီးမှ
မမြင်အောင်ပြန်ဝှက်ရမယ့်ပြိုင်ပွဲမှာ
မင်းရော ငါရော စေ့စေ့တောင်မကြည့်ကြေးနော်...။"

မေတ္တာဝှက်တမ်း.....။

---------------

ဒါလည်း ပထမဦးဆုံးရေးတဲ့ OTPလေးမို့ အမှားပါရင် ပြောပြပေးကြပါအုံးလို့ သူများရေးထားတာလည်းမဖတ်ဖူးတဲ့အတွက် ဒီFicကိုဖတ်တဲ့အခါ ခင်ဗျားလေးတို့ ဖတ်ဖူးသမျှမှာ နားလည်ခဲ့ ရင်းနှီးခဲ့တဲ့ဇာတ်ကောင်ပုံစံနဲ့စိတ်ဓာတ် ခံယူချက်တွေကအစ ကျုပ်နဲ့ Vibeကွဲနေမယ်ထင်ပါတယ်။

Rose-Jနဲ့က plotရော ကာရိုက်တာရော လုံးဝလုံးဝမတူပါဘူးဗျ။ Rose Jလို အကြမ်းလေးဖြစ်မှာပါ။ ကိုကိုနဲ့အစိမ်းရောင်လေးက အပြင်မှာလည်း လုံးဝအကြည်ဓာတ်လေးတွေမို့လို့ အကြည်ဓာတ်နဲ့အနောက်ဓာတ်လေးတွေရောပြီး အတက်အကျညီညီကြိုးစား ရေးထားပါတယ်ဗျ။

ချစ်တယ် အာဘွား အာဘွား❤️

Zawgi

မျမင္ရတဲ့ ေမတၱာေတြကို
ဝွက္ၾကည့္ၾကမလား.....။

အတၱၿပိဳင္ႀကီးမလား.....
ဒဏ္ရာေတြ ၿပိဳင္ေပးၾကဦးမလား။

ဗန္ဒါေစ့ပုံ မ်က္ဝန္းေတြက
စူးစူးရွရွၾကည့္ပစ္လိုက္ရင္
မလုံမလဲေရွာင္လႊဲတတ္တဲ့ မ်က္ဝန္းက်ဥ္းေတြကို အခ်စ္လို႔ ယိုးမွားရင္ေရာ...။

ရယ္မိပါတယ္ေလ.....
သူ႕စိတ္ဟာ နားလည္ရခက္သား။
ေအာ္ေငါက္သံေတြၾကား
လူေတြေဝးၾကရင္း တျဖည္းျဖည္း ေဝးသြားရရင္း...ဒဏ္ရာေတြနက္လာတဲ့အခါ လက္နဲ႕ဖိၿပီး အသာေလးငိုတယ္....အၿပဳံးေလးေတြဖုံးလို႔ရယ္ေပါ့...။

ၾကည့္ပါ...ပန္းေတြလည္း ေျခာက္တတ္ပါတယ္။ မလွနိုင္ေတာ့ရင္ ႏြမ္းမယ္...မခ်စ္နိုင္ေတာ့ရင္ ပစ္မယ္..။
ေနာက္ဆုံး.. အေျဖကေတာ့ မပစ္ရင္ အခ်စ္ေပါ့..။

အခ်စ္...။
ႏွစ္လုံးတည္းနဲ႕ ကမၻာႏွစ္ခုစာ ရႈပ္ေထြးလြန္းတဲ့ စကားစု..။

ႏွလုံးသားေတြ ဘယ္ႏွခုကိုမ်ား
သတ္ခဲ့ၿပီးၿပီလဲ။
ေနာက္ထပ္ ဘယ္ႏွခုကိုမ်ား ထပ္သတ္ဦးမလဲ။

"ေပးရမလြယ္တဲ့ ေမတၱာကို
လွ်ံပယ္ေအာင္ေပးတတ္ခဲ့ၿပီးမွ
မျမင္ေအာင္ျပန္ဝွက္ရမယ့္ၿပိဳင္ပြဲမွာ
မင္းေရာ ငါေရာ ေစ့ေစ့ေတာင္မၾကည့္ေၾကးေနာ္...။"

ေမတၱာဝွက္တမ္း.....။

---------------

ဒါလည္း ပထမဦးဆုံးေရးတဲ့ OTPေလးမို႔ အမွားပါရင္ ေျပာျပေပးၾကပါအုံးလို႔ သူမ်ားေရးထားတာလည္းမဖတ္ဖူးတဲ့အတြက္ ဒီFicကိုဖတ္တဲ့အခါ ခင္ဗ်ားေလးတို႔ ဖတ္ဖူးသမွ်မွာ နားလည္ခဲ့ ရင္းႏွီးခဲ့တဲ့ဇာတ္ေကာင္ပုံစံနဲ႕စိတ္ဓာတ္ ခံယူခ်က္ေတြကအစ က်ဳပ္နဲ႕ Vibeကြဲေနမယ္ထင္ပါတယ္။

Rose-Jနဲ႕က plotေရာ ကာရိုက္တာေရာ လုံးဝလုံးဝမတူပါဘူးဗ်။ Rose Jလို အၾကမ္းေလးျဖစ္မွာပါ။ ကိုကိုနဲ႕အစိမ္းေရာင္ေလးက အျပင္မွာလည္း လုံးဝအၾကည္ဓာတ္ေလးေတြမို႔လို႔ အၾကည္ဓာတ္နဲ႕အေနာက္ဓာတ္ေလးေတြေရာၿပီး အတက္အက်ညီညီႀကိဳးစား ေရးထားပါတယ္ဗ်။

ခ်စ္တယ္ အာဘြား အာဘြား❤️

💔မေတ္တာဝှက်တမ်း💔Where stories live. Discover now