Unicode
တဆတ်ဆတ်တုန်နေသည့်လက်တွေကို ထိန်းပြုရင်း Jungkookမျက်လုံးတွေ အသက်မဲ့နေသည်။ ဘာမှန်းမသိရခြင်းတွေကြား ဖရိုဖရဲအဖြစ်အပျက်တွေကြား ကလေးဟူ၍ သွေဖယ်နေသည့်စကားတို့အပေါ် မခံနိုင်လွန်းစွာ ဒေါသထွက်ခဲ့မိသည်။
လူကြီးတစ်ယောက်ကိုပဲချစ်လွန်း၍ သွေဖယ်မှုတွေကြား ဘာကြောင့်ဆိုတာပြောပြချင်စိတ်နှင့် မလုပ်သင့်သည်ကို စောစောစီးစီးလုပ်ခဲ့မိသည်။
ခွေယိုင်သွားခဲ့သည့်ထိတ်လန့်မှုတွေကို ပြန်မြင်ယောင်တော့ မျက်လုံးတွေကိုမှိတ်ချလိုက်မိသည်။ သိပ်လန့်သွားမှာ..။ ဒယ်ဒီဆူလို့ ဂျစ်ကန်ကန်နဲ့ဂိမ်းဆိုင်မှာ ပေနေတိုင်း Banana milkလေးတွေနဲ့မျှားပြီး ကျောင်းပြန်ပို့ပေးခဲ့တဲ့သူ...။ ၁၂နှစ်အရွယ်မှာ လက်တွဲတစ်လှည့် ကုန်းပိုးတစ်လှည့်နှင့် လေးလေးထပ်တူ ပျိုးထောင်ပေးခဲ့သည့် ကောင်လေးက သူ့ကိုဒီလိုပြုမူလိုက်တော့ သိပ်လန့်သွားခဲ့မှာ...။
Jungkookရင်ထဲ နေရခက်လွန်း၍ ရူးတော့မည်။ ယခုရောက်ရှိနေသည်က Yoongiတက်ရောက်နေသည့် စာပေဟောပြောပွဲကျင်းပရာအဆောက်အဦတစ်ခုရှေ့၌ဖြစ်သည်.။ ဘာအဝတ်အစားမှပင်မလဲနိုင်ခဲ့။ အမှားအတွက် မနေနိုင်လွန်း၍တောင်းပန်မည်ဟုရည်ရွယ်ကာ မျက်နှာခပ်ရှင်းရှင်းနှင့်အတူ Hoodieပွပွနှင့် ဂျင်းပန်တစ်ထည်သာ ဝတ်လာနိုင်သည်။
၁၀မိနစ်လောက်ထပ်နေတော့ အဆောက်အဦထဲမှလူတွေထွက်လာသည်။ Jungkookကိုယ်သည် ကားBodyကိုမှီနေရာမှ မတ်လိုက်မိပြီး Yoongiကို ရှာမိသည်။ လူတွေရှင်းသလောက်ဖြစ်ပြီဆိုမှ နောက်ဆုံးမှာ လေးပင်စွာလျှောက်လာသည့်အဖြူရောင်လေးကိုတွေ့တော့ ရင်ထဲတစ်ချက်ဆောင့်ခုန်သည်..။ ရှပ်အင်္ကျီအပြာစင်းလေးကို ဂျင်းပန်အပြာဖြင့် သန့်ရှင်းစွာတွဲဝတ်ထားသည့် ဦးက ထုံးစံအတိုင်း ပုခုံးလေးတစ်ဖက်မှာအိတ်လေးတစ်လုံးကိုလွယ်ထားသည်။
"ဦး..."
အောက်ကိုမျက်လွှာချလျက်လျှောက်နေရာမှ Jungkookခေါ်သံကြောင့် ဖျတ်ခနဲလှန်ကြည့်သည်။ Jungkookမျက်မှောင်ကုတ်သွားရသည်။ Yoongiမျက်လုံးတွေက ခန့်မှန်းရခက်စွာ သူ့အားခပ်ရှင်းရှင်းသာပြန်ကြည့်နေသည်မို့။
YOU ARE READING
💔မေတ္တာဝှက်တမ်း💔
Fanfictionဒီပွဲမှာ နိုင်ချင်ရင် မေတ္တာတွေကို လုံအောင်ဝှက်ဖို့လိုတယ်....။ 18.June.22