Unicode
မီးဝါဝါများ တပ်ဆင်ထားသည့် အရောင်းစင်ကြီးရှေ့၌ Seokjinရပ်နေသည်။ ခပ်လှမ်းလှမ်းမှာက အရောင်းဝန်ထမ်းမလေးတစ်ယောက် ဝန်ဆောင်မှုပေးနိုင်ရန်အတွက်ရပ်နေပြီး စင်ကြီးအလယ်မှာတော့ ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ်က တွဲလျက်ရှိနေသည်။
မကြည့်ခဲ့တာ နှစ်ချို့နေသော ဖိနပ်ဖြူလေးတွေဆီ Seokjinအကြည့်တို့ခွါမရ။ ထိုအထဲမှ အဖြူစင်ဆုံး အရိုးရှင်းဆုံး တစ်ရံကိုလှမ်းရွေးကာ ဝန်ထမ်းမလေးအား ယူဖို့အချက်ပြလိုက်ပြီး ချစီးကြည့်သည်။
ပြီးသည်နှင့် မှန်ကြီးရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ တည်ကြည်သည့် မျက်လုံးများနှင့် မှန်ထဲကိုကြည့်လိုက်သည့်အခါ ရှပ်အဖြူသန့်သန့်အား ချပ်ရပ်နေသည့် အနက်ရောင်ဘောင်းဘီရှည်ထဲသို့ထည့်ဝတ်ပြီး ဖိနပ်အဖြူလေးစီးထားသည့် သူ့တစ်ကိုယ်လုံးကို မြင်တွေ့ရသည်။
သပ်ရပ်သည်။ ရှင်းသန့်သည်။ ဗန်ဒါစေ့ပုံမျက်လုံးတွေ ပြုံးယောင်သမ်းသွားသည်။ Bubbleဟာ ဖြူစင်ချင်ယောင်ဆောင်နေသလားဟူသည့်အသံတွေ နားထဲမှာ မြည်ဟီးလာသည်။ ဒါ ပူပူလောင်လောင် Bubbleအသွင်မှ မဟုတ်တာ။ Bubbleဝိညာဥ်ဟာ ရင်တွင်းနေရာ၌ အော်ဟစ်နေသလိုခံစားရသည်။
သပ်ရပ်စွာဖြီးသိမ်းထားသည့် ဆံပင်တွေကိုလည်း Seokjinထပ်မံကြည့်သည်။ Bubbleလို ညစ်ထေးမှုတွေမရှိ၊ ညို့မှိုင်းမှုတွေကင်းပြီး သစ်လွင်နေသည့် Kim Seokjin၏ ပုံစံကိုသာ တွေ့မြင်ရသည်။ Bubbleသည် မရှိတော့။ Bubbleအား မမြင်ရတော့။ တွေ့တာနှင့် Kim Namjoonရိုက်ချင်နေသည့် ညစ်ညစ်ပတ်ပတ်Bubbleဟာ ထိုမှန်ထဲမှာ ရှိမနေတော့။
"လူဆိုတာ အဝတ်အစားကပဲ စကားပြောတာ Bubble.။ စိတ်သစ်လူသစ်နေထိုင်ချင်ရင် Bubbleပုံစံကို အရင်ပြောင်းလဲရမယ်။ ဒီမှာကားသော့။ မြို့ထဲကိုသွားပြီး အခုပုံစံနဲ့ခြားနားတဲ့အဝတ်အစားတွေသွားဝယ်ပြီး ကြတ်နေတဲ့ နီနီရဲရဲ လတစ်စင်းမဟုတ်ဘဲနဲ့ ကြည်ကြည်စင်စင်လမင်းလေးတစ်စင်းဖြစ်အောင်ပြောင်းလဲလာခဲ့ပါ။"
လက်ထဲကို ကားသော့ထိုးထည့်ပြီး Jayက အမိန့်ပေးလိုက်သည်။ နာခံတယ်မဟုတ်ပေမယ့် သူကိုယ်တိုင်ပြောင်းလဲချင်၍ တစ်ခွန်းမှမဆိုဘဲ ကားသော့ယူကာ ထွက်လာခဲ့ခြင်းသာဖြစ်သည်။
YOU ARE READING
💔မေတ္တာဝှက်တမ်း💔
Fanfictionဒီပွဲမှာ နိုင်ချင်ရင် မေတ္တာတွေကို လုံအောင်ဝှက်ဖို့လိုတယ်....။ 18.June.22