Unicode
ရော်ရွက်ဝါတွေဟာ
နာပြီးမှ ကြွေသလား...ကြွေပြီးမှ နာသလား။
အဲ့ဒီ့နာမ်ငယ်ဟာ ဒဏ်ရာတွေကို တန်ဆာမှတ်ပြီး အကျယ်ကြီး အော်ရယ်နေလို့ရယ်....။~~~~~~~~~~~~~~
"ဥက္ကဌ..."
မရဲတရဲခေါ်သံလေးသည် Meetingထိုင်နေသည့် ရုံးခန်းထဲ ရှင်းရှင်းလင်းလင်းထွက်လာကာ Projectတစ်ခုအကြောင်း ရှင်းပြနေသည့်ဥက္ကဌထံမှ မျက်လုံးများက ထိုအသံလာရာ တံခါးဝသို့ ပြုံကြည့်လာကြသည်။
"ဘာလဲ။"
ဝတ်စုံပြည့်ဖြင့် ဥက္ကဌဆိုသော လူက စားပွဲရှည်ကြီး၏ထိပ်၌ နေရာယူထားကာ ရှည်လျားသောသူ့အရပ်ကြီးကို အနည်းငယ်ကိုင်းလျက် စားပွဲပေါ် လက်ထောက်ရပ်နေသည်။ တပ်ထားသည့် အနက်ရောင်ကိုင်းမျက်မှန်အား တစ်ချက်ပင့်တင်လိုက်ကာ ထက်နေသည့် မျက်လုံးကျဥ်းများ၌ အေးစက်သည့်အရောင်များ ကပ်ငြိနေသည်။
"ဟို အခုလိုဖြတ်ပြောရလို့ အားလုံးကို ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျ။ အရေးကြီးကိစ္စလေးတစ်ခု ပေါ်လာလို့ပါ။"
လက်ထောက်ဟန်သည် ခါးကျိုးမတတ် ဦးညွှတ်တောင်းပန်ပြီးနောက် သူ့ကိုစိုက်ကြည့်နေသည့် ဥက္ကဌမျက်နှာတည်တည်ကို အဓိပ္ပါယ်ပါပါလှမ်းကြည့်ကာ အခန်းတံခါးကိုသေချာပိတ်လျက် ပြန်ထွက်သွားသည်။
"တော်တော်အရေးကြီးနေလို့ထင်တယ်။ ဥက္ကဌကြီးလိုက်သွားလိုက်ပါ..။ Meetingက နောက်တစ်ခေါက်မှပြန်လုပ်လို့လည်းရပါတယ်။ ကျွန်တော်တို့ အချိန်မရွေး လာခဲ့ပါ့မယ်။"
ရှယ်ယာရှင်တစ်ယောက်၏ စကားကို အားလုံးက ခေါင်းညိမ့်ကြသည်။ ထိုအခါ ဥက္ကဌဟာ ငြင်းမရတော့။ အခြေအနေကိုပဲလက်ခံလိုက်ကာ အားလုံးကိုပြုံးပြနှုတ်ဆက်၍ Meetingခန်းထဲမှ ထွက်လာလိုက်သည်။ ပါးချိုင့်ငယ်နှစ်ခုဟာ ဥက္ကဌပါးပြင်ထက် ခပ်ရေးရေး...။
ခြေလှမ်းကြဲကြီးများဖြင့် ရုံးခန်းဆီကို ပြန်လျှောက်လာရင်း လက်သီးတွေကို တင်းနေအောင် ဆုပ်ထားသည်။ ရုံးခန်းရှေ့ကိုရောက်တော့ လက်ထောက်ဟန် တံခါးဖွင့်ပေးသည်ကိုပင် မစောင့်နိုင်တော့။ ပိုင်ဆိုင်ထားသည့် ခြေတံရှည်ကြီးတစ်ဖက်ဖြင့် တံခါးချပ်ကို ဝုန်းခနဲနေအောင် ဆောင့်ကန်ဖွင့်လိုက်သည်။
YOU ARE READING
💔မေတ္တာဝှက်တမ်း💔
Fanfictionဒီပွဲမှာ နိုင်ချင်ရင် မေတ္တာတွေကို လုံအောင်ဝှက်ဖို့လိုတယ်....။ 18.June.22