Unicode
အိပ်မက်လိုနေ့ပြီးဆုံးပြီး တစ်ပတ်အကြာ..။အရူးအနှမ်းစကားကိုကြားရပြီးတည်းက မြေခွေးကောင်ဆီကနေ ထွက်ပြေးနေခဲ့မိသည်။ ဘာကြောင့်ယုံရမှာလဲ။ Kim Namjoonအတွက်ခုန်နေသည့်နှလုံးသားက သူ့ဘက်ယိမ်းလာသည်ဆိုတာ မည်သို့မျှမဖြစ်နိုင်။
Kim Namjoonကိုအရူးလုပ်ချင်၍သူ့အားအသုံးချဖို့ကြံနေတာလား ဟူသည့်မေးခွန်းတွေကြောင့်လည်းခေါင်းတွေကိုက်လွန်းလှပြီ..။
"ဦး.."
Yoongiသည် ထိုင်ခုံပေါ် ငြိမ်သက်စွာထိုင်နေစဥ် အနောက်ကထွက်လာသည့်အသံကြောင့် တုန်ခနဲဖြစ်သွားသည်။ လှည့်ကြည့်တော့ Jungkookက Leatherအင်္ကျီအနက်နှင့် ဆံပင်တွေကို ဂျယ်လ်ဖြင့်သေချာဖြီးသိမ်းထားသောပုံစံဖြင့် ပြုံးစစရပ်ကြည့်နေသည်ကိုတွေ့ရသည်။
"မင်းကို မင်းအဖေ တံခါးခေါက်တတ်ဖို့မသင်ပေးထားဘူးလား။"
Yoongiသည် မျက်စောင်းတစ်ချက်ထိုးပြောကာ ထိုင်ခုံပေါ်က ခြေဖဝါးတွေကိုချပြီး လက်ပ်တော့ပ်ဘက်သို့ပြန်လှည့်သွားသည်။ Jungkookသည် Yoongi၏စကားကို ချစ်စနိုးဖြင့်ပြုံးကာ မွေ့ရာထက်သို့ ဘုန်းခနဲနေအောင်ဝင်ထိုင်လာသည်။
"ဦးကိုရော ဦးအဖေက တံခါးပိတ်တတ်ဖို့မသင်ပေးထားဘူးလား။"
"ငါမပိတ်ထားလို့လား။"
"ဒါပေါ့။ အဲ့ဒါကြောင့်အသံပေးလိုက်တာလေ။"
စိတ်နှင့်လူ ဘယ်လောက်ကပ်သလဲ Jungkookပိတ်ခဲ့သည့် ပန်းရောင်တံခါးချပ်ကိုလှည့်ကြည့်ပြီး Yoongi စိတ်ပျက်စွာသက်ပြင်းချလိုက်သည်။
"မျက်နှာလေးက သုန်မှုန်နေတာပဲ။ ဘာဖြစ်ထားတာလဲ။ ကျွန်တော့်ကိုလွမ်းလို့လား။"
Yoongiသည် သူ့စကားအားအရူးလိုသာကြည့်ပြီး ခွန်းတုံ့ပြန်မလာ။ Jungkookသည်အသည်းယားစွာ အတွင်းနှုတ်ခမ်းကို သေးသေးလေးဖိကိုက်လိုက်မိပြီး ချေမိုးနေသည့် ဆရာဝန်ကြီးကို ချစ်လွန်း၍လည်း ရူးတော့မည်။
"ကဲပါ...ဗိုက်ဆာလာတယ်။ တစ်ခုခုလုပ်ပေးပါအုံး။"
"ဘာကွ မင်းအိမ်မှာ စားစရာပြင်ပေးမယ့်အိမ်အကူတွေရိုက်သတ်လို့တောင်မကုန်တာ။ ဘာကိစ္စငါက လုပ်ကျွေးရမှာလဲ။ ကိုယ့်အိမ်ကိုယ်ပြန်စား"
YOU ARE READING
💔မေတ္တာဝှက်တမ်း💔
Fanfictionဒီပွဲမှာ နိုင်ချင်ရင် မေတ္တာတွေကို လုံအောင်ဝှက်ဖို့လိုတယ်....။ 18.June.22