Unicode
"ဒီအထိရှိနေသေးပုံထောက်ရင် ညက Kooဆွဲထားတယ်ထင်တယ်။"
တစ်နေ့လုံး ပန်းချီတွေသာ ထိုင်ဆွဲနေရာ ညနေရုံးဆင်းချိန်ရောက်နေသည်ကိုတောင် Seokjinသတိမထားမိ။
"Kooရော..."
"အဲ့ဒါ ငါမေးရမှာပါ။ မင်းတစ်နေကုန်အိမ်မှာရှိနေတာ သားဘယ်ရောက်မှန်းတောင်မသိဘူးလား..."
Seokjinသည် ပြန်မဖြေဘဲ ဆွဲနေသည့် ခဲပန်းချီသို့သာ ခေါင်းပြန်ငုံ့သွားသည်။
Namjoonမျက်မှောင်ကြုံ့သွားကာ
"Seokjin..."
"Jungkookဘယ်သွားလဲ ဘာစားလဲကို အစစအရာရာ Bubbleက သိနေစရာလိုလို့လား။ ဒါတွေကို အရင်က Kim Seokjinပဲသိရင်သိလိမ့်မယ်။ အခုKim Seokjinက နည်းနည်းမှကို ခေါင်းထဲမထည့်ထားဘူး"
ကြယ်သီးဖြုတ်နေသည့် Namjoonလက်တွေ ရပ်သွားသည်။ အချိန်တိုင်း တွေ့တိုင်း ကန့်လန့်တိုက်ဖို့သာ စဥ်းစားနေသူအပေါ် ဒေါသချောင်းချောင်းထွက်နေပြီဖြစ်သည်။
"ငါ့ရှေ့ဆို ပရမ်းပတာတွေပဲ ပြောတတ်တဲ့မင်းပါးစပ်လေး အစားစားတိုင်း နာမနေအောင် ခုတော့ စိတ်ထိန်းပေးလိုက်မယ်။ သားရှေ့ ဒီစကားတွေ ပြောတဲ့နေ့ ငါ့လက်ထဲ မင်းအသေပဲဆိုတာ မှတ်ထား။"
Necktieအား ဖြေလျှော့ချကာ လှည့်ထွက်သွားသော ကျောပြင်ကို Seokjin စူးရဲသောမျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။ မထူးဆန်းသော ကျောပြင်ကျယ်တစ်ခုကိုပဲ သူဟာ တမြေ့မြေ့ကြီး စိုက်ကြည့်နေခဲ့တာ..။
လက်ထဲက စုတ်တံလေးလွတ်ကျသွားပြီး ဆန့်စင်းထားသော ခြေတစ်ဖက်အားသိမ်းယူကာ ဒူးထောင်လျက် လက်နှစ်ဖက်နှင့်ပိုက်ထားလိုက်သည်။ ဒါဟာ အသက်ရှူကြပ်သွားရတိုင်း သူလုပ်တတ်သည့် အကျင့်တစ်ခု..။
အမိန့်တွေကလည်း ပေးလိုက်တာ..။
အမိန့်တစ်ခုကို ဓားတစ်ချက်နှုန်းနဲ့ လဲလှယ်လို့ရရင် လဲလှယ်လိုက်ချင်ပါသည်။ စိတ်ရှိတိုင်းထိုးပစ်ချင်နေတာ။ အဲ့ဒီ့အဖိုးတန်အသားအရေတွေထဲက သွေးတွေမြင်မကောင်းအောင်ဖောက်ထွက်လာမှာကို
ရူးမလိုမြင်ချင်နေခဲ့တာ။
YOU ARE READING
💔မေတ္တာဝှက်တမ်း💔
Fanfictionဒီပွဲမှာ နိုင်ချင်ရင် မေတ္တာတွေကို လုံအောင်ဝှက်ဖို့လိုတယ်....။ 18.June.22