Unicode
မေတ္တာများနဲ့ မိုးသီသောနေ့...။
ပြည်နယ်တစ်ခု၌ မုန်တိုင်းရှိသည်ဟုကြားသည်။ ဒါကြောင့် မြို့တော်ဆီ အဖျားခတ်လာသောအရှိန်ဟာ မနေ့ညတည်းက ဒီနေ့အထိ မိုးတွေ သည်းကြီးမဲကြီးရွာနေသည်။
နွေးတေးတေးရှိသော ကော်ဖီခွက်ကိုကိုင်ကာ
Namjoonအပြင်လောကသို့ ငေးနေမိ၏။အကိုနဲ့ ဆုံတွေ့ခဲ့သည့်အချိန်မှစ မိုးရွာချိန်တိုင်း သူနှင့်အတူတူရှိခဲ့မြဲဖြစ်သည်။ သို့သော် ဒီတစ်ခါမှာတော့ အကိုဟာ အနားမှာမရှိ။
ရှိနေလျှင် မိုးစက်တွေမြင်တိုင်း လွတ်သွားတတ်သည့် စိတ်တွေနဲ့ အကြိမ်ကြိမ်နာကျင်စေခဲ့သော ခန္ဓာကိုယ်လေးကို ဖက်ထားမိမှာမလွဲဖြစ်သည်...။
အအေးဓာတ်ကြောင့်လားမသိစွာ ပတ်တီးစည်းထားရသည့်လက်ဆစ်တွေက တဆစ်ဆစ်ကိုက်ခဲလာသည်။ ကော်ဖီခွက်ကို နောက်တစ်ဖက်ဖြင့် ပြောင်းကိုင်ကာ ကိုက်နေသော လက်ကို မဝံ့ရဲစွာကြည့်မိသည်။
အရင်က ချစ်သောကို တမ်းတစိတ်တွေ ပြင်းလွန်းနေပြီထင်သည်။ အရင်ကလူမဟုတ်တော့သည့် အဲ့ဒီ့လူကို အကြိမ်ပေါင်းမနည်း ရိုက်နှက်ခဲ့သည့်လက်ကို အပြစ်ပေးတာလည်း လွန်သွားသည်။ လက်မှတ်ထိုးဖို့ ဘောပင်တောင်မကိုင်နိုင်သည့်အတွက် Companyကိုလည်း မသွားရ။
အပြစ်ဟာ ဘာလဲ။ အားအင်တွေရှိနေပါလျက် ပြေးထွက်သွားသည့် ခြေဖဝါးလေးနောက်တောင် မလိုက်ရဲခဲ့သည့် သတ္တိကြောင်မှုတွေကလည်း ဘာလဲ..။
မျက်ဝန်းတွေက ထိတ်လန့်မှုတွေပြီးတော့
ထပ်ပြီး ပြောသွားခဲ့တာ အရာရာကို တော်လိုက်ပါတော့ဟူသည့် အဓိပ္ပါယ်။ရိုက်နှက်ဖို့စိတ်ကူးမရှိခဲ့တာတောင်
စိုးရိမ်တကြီး ကာပစ်ခဲ့တဲ့ လက်ကလေးအတွက် ဘယ်အရပ်ကို ကူကယ်ရာမဲ့စွာ ထွက်ပြေးချင်လာမှန်းလည်းမသိခဲ့။အချိန်တွေ ဖြုန်းပစ်ခဲ့တာများပြီ။
ဒီလက်ကလေးကို မစွန့်လွှတ်နိုင်လို့ နာနေလားမမေးမိဘဲ ဆုပ်ကိုင်ထားခဲ့မိတာ အမှားတွေဖြစ်နေပြီလား။လမ်းခွဲစကားကို အကြိမ်ပေါင်းများစွာ နှုတ်ခမ်းလှလှလေးက ပြောခဲ့ပေမယ့် ရိုက်ပြီး တုံ့ပြန်ဖို့ကလွဲ ဘာမှမသိခဲ့တဲ့ အရူးစိတ်တွေက ဘာကိုလိုချင်လို့လဲဆိုတာတောင် သိတော့တာမဟုတ်။
YOU ARE READING
💔မေတ္တာဝှက်တမ်း💔
Fanfictionဒီပွဲမှာ နိုင်ချင်ရင် မေတ္တာတွေကို လုံအောင်ဝှက်ဖို့လိုတယ်....။ 18.June.22