Unicode
ကမ္ဘာပျက်သည့်ညပြီးဆုံးတော့ Yoongiသည် Seokjinပင် မဆွဲလိုက်နိုင်အောင် မနက်အစောကြီး Jungkookနှင့်အတူပြန်သွားေတာ့သည်။
"နမ်းတာတောင် မာနကိုဆယ်ဖို့နမ်းပြီး ဘယ်သူကမင်းကိုခွင့်ပြုလို့လဲ! မင်းကိုငါဆွဲမထိုးမိခင် ရူးနေတာတွေရပ်လိုက်တော့ Kim Seokjin"
ခံစားချက်တွေပေါင်းစုံသွားသည်ထင်သည်။ Seokjinလည်း တဇွတ်ထိုးလုပ်ပြီးမှ တစ်နေကုန်နေလို့မကောင်း.။ ဖုန်းလည်းမဆက်ရဲတော့သဖြင့် တစ်နေကုန် အခန်းထဲကမထွက်ဘဲ မိုးချုပ်တဲ့အထိအိပ်နေမိသည်။ ထူးဆန်းစွာ Namjoonကလည်း ငြိမ်ချက်သားကောင်းနေသည်။ ဖုန်းလည်းဆက်မလာခဲ့သလို လူကိုယ်တိုင်လည်းရောက်မလာဘဲတိတ်ဆိတ်နေသည်။
စိတ်ညစ်နေ၍ ကိုက်နေသည့်ခေါင်းကြောင့်နားထင်တွေကိုဖိပြီး Seokjin ထထိုင်လိုက်သည်။ အချိန်ကိုကြည့်တော့ ည ၇နာရီတိတိထိုးနေပြီဖြစ်သည်။ ဆံပင်တွေကိုထိုးဖွလိုက်ပြီး ရေချိုးခန်းထဲသို့ထလာခဲ့ကာ ဒုတိယအကြိမ် သွားတိုက်မျက်နှာသစ်လုပ်လိုက်သည်။
မျက်နှာကို နောက်ဆုံးတစ်ခေါက် ရေဖြင့်ဆေးပြီးပြန်အထ ရေချိုးခန်းတစ်ခုလုံးမှောင်ခနဲ.။ ရုတ်တရက်မို့လန့်သွားကာ တံခါးကိုဆွဲဖွင့်လိုက်တော့ အပြင်မှာလည်းမှောင်မည်းနေသည်။ Seokjinသည် စမ်းတဝါးဝါးဖြင့်အပြင်ကိုထွက်ခဲ့ပြီး အိပ်ရာပေါ်ကဖုန်းကိုစမ်းကာ မီးဖွင့်လိုက်သည်။
တစ်ခန်းတည်းရှော့ဖြစ်သည်ထင်၍ လိုက်ကာစကိုအနည်းငယ်ဟကာ အပြင်ကိုကြည့်လိုက်တော့ အပြင်မှာလည်းထို့နည်းတူပင်.။ ထိုစဥ် ခေါင်းထဲဖြတ်ဝင်လာသည့်အသိတစ်ခုကြောင့် Namjoonအခန်းရှိသည့်အရပ်သို့ Seokjinဆတ်ခနဲကြည့်လိုက်သည်။ ထို့နောက် အခန်းပြင်သို့ပြေးထွက်ကာ ရှူးဖိနပ်က ကြာမှာစိုး၍ အခန်းတွင်းစီး စလစ်ပါဖိနပ်အပါးဖြင့်သာ အမှောင်ကြောက်တတ်သည့်လူဆိုးကောင်ဆီသို့ဦးတည်ရသည်။
နှစ်ခန်းသုံးခန်းလောက်ဖြတ်ပြေးပြီးနောက် Namjoonအခန်းသို့ရောက်လာသည်။ တံခါးက လော့ချမထားတာမို့ အထဲရောက်တော့ ဖုန်းမီးဖြင့်လူကိုအရင်ရှာရသည်။ ဧည့်ခန်းနှင့် အိပ်ခန်းတွေမှာတော့ Namjoonရှိမနေ.။
YOU ARE READING
💔မေတ္တာဝှက်တမ်း💔
Fanfictionဒီပွဲမှာ နိုင်ချင်ရင် မေတ္တာတွေကို လုံအောင်ဝှက်ဖို့လိုတယ်....။ 18.June.22