(7)

133 21 10
                                    

Unicode

"ဖြစ်တာကတော့ ကားနဲ့ပွတ်မိရုံပါပဲ။ နဂိုတည်းက အားနည်းနေလို့ လမ်းပေါ် ပစ်လဲလဲချင်း သတိလစ်သွားတာ။ အသက်ရှူရပ်သွားတာဆိုပေမယ့် ဖြတ်သွားဖြတ်လာတစ်ယောက်က ရှေးဦးသူနာပြုနည်းနဲ့ လုပ်ပေးလိုက်လို့ ကံကောင်းတယ်ပြောရမယ်။"

သူငယ်ချင်းဖြစ်သူပြောစကားကို နားထောင်နေရင်း ခုထိ တုန်တာမရပ်သေးသည့် လက်ချောင်းတွေကို Yoongiတင်းတင်းဆုပ်မိသည်။

"Yoongi...."

"...."

"ဟေ့ကောင်!!"

"ဟင်..."

ပုခုံးတစ်ဖက်ကို ဆုပ်ကိုင်ခေါ်တော့မှ
Yoongiမျက်လုံးတွေ ကုတင်ပေါ်က ငြိမ်သက်နေသော Seokjinဆီမှ ခွါတော့သည်။

"ဘာဖြစ်လို့ ဖြူဖပ်ဖြူရော်ဖြစ်နေတာလဲ။ အဆင်ရောပြေလား."

ခေါင်းတဆတ်ဆတ်ညိမ့်ပြလာသည်။
သွေးပျက်နေသလို မျက်ဝန်းတွေက ကစဥ့်ကလျားနှင့် လူနာကုတင်နား ဖြည်းညှင်းစွာလျှောက်သွားသည်။

"ဆေးသွင်းမလို့မလား ငါ့ကိုပေးခဲ့။ ငါလုပ်လိုက်မယ်။"

Seokjinမျက်နှာလေးကိုပဲ ကြည့်ကာပြောနေသူအား ဆေးကျောင်းအတူတက်ခဲ့သော သူငယ်ချင်းဖြစ်သူက မဆိုင်းမတွ ဆေးထိုးအပ်ကို ကမ်းပေးသည်။ ထို့နောက် အရမ်းစိတ်ပူနေမှန်း သိတာမို့ သူ့ပုခုံးကို ဖျစ်ညှစ်ကာ အားပေးပြီးမှ အခန်းထဲက ထွက်သွားခဲ့သည်။

တစ်ဖက်ပြတင်းပေါက်ဘောင်မှာက
Yoongiပုံစံကို ငြိမ်သက်စွာထိုင်ကြည့်နေသည့် Jungkookရှိနေသည်။

Yoongiသည် ဆေးထိုးဖို့အတွက် Seokjinလက်ခုံကို သန့်စင်ရန် ပစ္စည်းတွေလှည့်ယူတော့ တုန်နေသေးသည့်လက်ကြောင့် အကုန်ပြုတ်ကျကုန်ရသည်။

လိုတာထက်စိတ်လှုပ်ရှားကာ ဘာလုပ်လုပ် လွဲမှားနေသော ဆရာဝန်ကြီးကို Jungkookသေချာကြည့်နေမိသည်။ ဦးနှောက်၏ အလိုအလျောက်စနစ်တစ်ခုကြောင့် အနားကိုရောက်သွားမိကာ ပစ္စည်းတွေလိုက်ကောက်နေသည့် ဖြူလွှလွှလက်ကလေးတွေအပေါ် ဆုပ်ကိုင်လိုက်တော့ လှုပ်ရှားမှုတွေ ရပ်တန့်သွားသည်။ သူ့ကိုမော့ကြည့်လာတော့မှ Jungkookနွေးထွေးစွာပြုံးပြလိုက်ရင်း

💔မေတ္တာဝှက်တမ်း💔Where stories live. Discover now