Unicode
"ပါးချိုင့်လေး.....မင်း မိုးရေတွေကို အဲ့လောက်တောင်ပဲ သဘောကျလား..."
နားတွေထဲ ဆစ်ခနဲဖြစ်ရသည်။ ဘယ်သူကများ တွေးမိပါ့မလဲ...အတိတ်လှလှတွေလည်း နာကျင်စေတတ်မှန်းကိုလေ....။
"မိုးရေတွေထက် မိုးရေစိုနေတဲ့ ခင်ဗျားလေးကို ပိုသဘောကျတယ်.."
Seokjinသည် မိုးရေတွေကို လက်ခုပ်ထဲထည့်ကစားနေရင်း ရှက်ရဲမှုလေးကို ထိန်းကာ...မပီပြင်အပြုံးတချို့နှင့် နားမလည်ချင်ယောင်ဆောင်ရသည်။ ရွှန်းစစမျက်ဝန်းကျဥ်းတို့၏ ရဲတင်းမှုကြောင့် နားဖျားတွေ ရဲလာတာကိုတော့ ဖုံးဖိ၍ မရခဲ့ပါ။
"ဒီမိုးရေတွေကြားမှာပဲ အကို့ရဲ့ကိုယ်လုံးလေးကို သိမ်းကျုံးဖက်ထားရတာကို ပိုလို့တောင်သဘောကျသေးတယ်။"
မိုးစက်တွေကြောင့် ချမ်းအေးနေသည့်ကြားက နွေးခနဲဖြစ်ရတာပါပဲ...။ ရှက်နေရင်းမှ နေ့လေးတစ်နေ့ကို သွားသတိရမိသည်။ ထိန်းမရစွာ တိုးတိုးလေးရယ်မိတော့ Namjoonက သတိထားမိပုံရကာ ဘာရယ်တာလဲဟု ခပ်ဆတ်ဆတ်လေး မေးလာသည်။
"ရုတ်တရက်တွေးမိသွားလို့ပါ။ မင်း မှတ်မိလား။ ဒီလို မိုးတွေ အသဲအမဲရွာတဲ့နေ့မှာပဲ မင်း ငါ့ကို ကားသစ်ကြီးနဲ့ ရည်းစားစကားလိုက်ပြောပြီး တစ်ခါတည်းအဖြေကိုပါ မရမကတောင်းခဲ့တာလေ။"
မိုးရေတွေကို လက်နှင့်ခံထားရင်း ငဲ့မေးလိုက်သည်..။ ငဲ့ရုံဆိုပေမယ့် ရေစီးကြောင်းငယ်တွေ ဖြတ်နစ်သွားသည့် ပါးချိုင့်လှလှတို့ကိုငေးဖို့တော့ Seokjinမမေ့ခဲ့။
"မမှတ်မိစရာလား။ ကျွန်တော့်အတွက်တော့ အကိုက လမင်းလေးဆို ဒီမိုးစက်တွေက ကြယ်တွေလိုပဲ.."
ချစ်နေတော့ လေစုသာသာ စကားလေးတစ်ခွန်းကအစ လိပ်ပြာလေးတွေ ပျံစေတာပဲလား။ ပြောစရာမရှိဘဲ လှည့်ပြုံးပြတော့ Namjoonသည် လေထဲက လက်ခုပ်လေးကို သူ့လက်ကြီးထဲထွေးယူပြီး ရှေ့တိုးလာသည်။ မိုးသံတွေပိုကျယ်လာခဲ့သည်...ပိုပြီး အေးစိမ့်လာသည်..နှစ်ယောက်သားလည်း ချမ်းနေကြပြီဖြစ်သည်။ Seokjinဖွဖွပြုံးလိုက်ပြီး ရင်ခွင်ကျယ်ကြီးနှင့် နီးသည်ထက်နီးနိုင်သမျှပိုတိုးရပ်လိုက်သည်။
YOU ARE READING
💔မေတ္တာဝှက်တမ်း💔
Fanfictionဒီပွဲမှာ နိုင်ချင်ရင် မေတ္တာတွေကို လုံအောင်ဝှက်ဖို့လိုတယ်....။ 18.June.22