(2)

239 30 37
                                    

Unicode

"ပြောချင်တာပြောခဲ့ရတော့ နေသာထိုင်သာရှိသွားလား။"

အရိုက်ခံခဲ့ရတုန်းက စားပွဲနှင့်တိုက်မိ၍ ယောင်နေသော တံတောင်ဆစ်ကို ဆေးလိမ်းပေးနေသူက ခပ်ရွဲ့ရွဲ့မေးသည်။ Seokjinသည် လေတချွန်ချွန်ဖြင့် ဘာတွေရေးထားမှန်းနားမလည်သော ဆေးစာအုပ်ထူထူကြီးကို တစ်ရွက်ပြီးတစ်ရွက်လှန်လှောကြည့်ကာ မကြားဟန်ဆောင်နေသည်။

"နာကျင်တယ်မလား။"

ဆေးလိမ်းနေသူက ထပ်ပြောသည့်စကား။ လေချွန်သံလေး တိခနဲရပ်သွားကာ စာရွက်သံတွေလည်း တိတ်ဆိတ်သွားသည်။

"နာတယ်လေ နာလို့ပဲ အခုဆေးလိမ်းပေးတာခံနေတာပေါ့။"

ဆေးထည့်နေသူကပဲ ဟွန့်ခနဲ ရယ်သွေးလိုက်သည်။ မျက်နှာသေနှင့် Seokjinကို တစ်ချက် သေချာကြည့်လိုက်ပြီး တပ်ထားသည့်မျက်မှန်ကိုချွတ်ကာ စားပွဲပေါ်ပစ်တင်လိုက်သည်။

"ငါ့ရှေ့မှာရူးကြောင်ကြောင်လာလုပ်မနေနဲ့။ ငါနဲ့ နယ်ကို ဆေးအကူအဖြစ် လိုက်လာခဲ့တာကို မင်းသူ့ကို ဘာတွေလျှောက်ပြောလိုက်တာလဲ။ မင်းရွဲ့တာတွေက မဟုတ်သေးဘူးနော်Seokjin။"

Seokjinက မျက်မှောင်ကြုံ့သွားသည်။

"အဲ့ဒါကို မင်းက ဘယ်လိုသိလဲ။"

ထိုသူက သက်ပြင်းချသည်။ လည်ပင်းအထိအပြည့်တပ်ထားသော ကြယ်သီးတစ်လုံးကို စိတ်ရှုပ်သလိုဖြုတ်လိုက်ပြီး အင်္ကျီလက်တွေကို တံတောင်ထိဆွဲတင်ကာ Seokjinမျက်နှာကို ရှုတည်တည်ကြည့်လာသည်။

"နေ့လယ်က သူနဲ့ တွေ့ခဲ့တယ်။ မင်းနဲ့တွေ့ပြီးပြီလားမေးတော့ ချူလို့ရလာတဲ့ပိုက်ဆံတွေနဲ့ သုံးဖြုန်းနေပြီနေမှာပေါ့လို့ပြန်ပြောတယ်။ မင်း မသွားခင်ကပြောတော့ သူ့ကို ပြောပြခဲ့တယ်ဆို။ မနက်ကလည်း ဆေးတစ်ပုလင်းကုန်မှ သွားပါလို့အတန်တန်ပြောခဲ့တာကို ငါရေလေး ခဏဝင်ချိုးနေတဲ့အချိန် ဆေးပိုက်တွေဖြုတ်ပြီး မနေနိုင်မထိုင်နိုင်သူ့ဆီသွားတွေ့တယ်။ ပြီးတော့ ဒီပုံစံနဲ့ ပြန်လာတယ်။ ငါမင်းကို လုံးဝနားမလည်နိုင်တော့ဘူး။"

အသည်းယားစရာလုပ်ပုံတွေကို ဒေါကြီးမောကြီးပြောဆိုမိသည်။ လွန်ခဲ့တဲ့ တစ်လလောက်က မွန်းကြပ်တယ်ဆိုကာ သူ ပရဟိတသွားလုပ်သည့် ရွာကို ဆေးအကူအဖြစ်လိုက်လာခဲ့သည်။ နေ့နေ့ညည ရွာစဥ်လှည့်ပြီး ကုသပေးနေရတာမို့ နဂိုကမှ မအိပ်သည့်လူက ဆိုးလ်ပြန်ရောက်တော့ ပြိုလဲတော့မတတ် အားနည်းနေပြီဖြစ်သည်။ ရွာမှာတုန်းကလည်း အဆွေးဆွေးအငေးငေး ထုံပေပေနှင့် စိတ်နဲ့လူနဲ့ကပ်တာမဟုတ်။

💔မေတ္တာဝှက်တမ်း💔Where stories live. Discover now