နှဖူးပေါ်ကဆံပင်လေးအနည်းငယ်ကိုသပ်တင်လိုက်ရင်း မှန်ထဲမှကိုယ့်ကိုကိုယ်ကျေနပ်စွာပြုံးလိုက်သည်။ ဖြူဖွေးသွယ်လျှသည့်လည်တိုင်နှင့် လက်ချောင်းလေးတို့မှာ တန်ဖိုးကြီးလက်ဝတ်ရတများကို အစီအရီလိုက်ဖက်စွာဝတ်ဆင်ပြီး၊ suit အပြာနုရောင်လေးကို ရင်ဘက်နှင့် လက်အစပ်လေးတွေမှာ အဖြူရောင်ပွင့်ဖက်လေးတွေတွဲချုပ်ထားတာက သူ့အတွက်သီးသန့်ဒီဇိုင်နာဆီမှဖြစ်သည်။ မှန်ထဲကိုကြည့်ရင်း devil အပြုံးတစ်ချက်ဆင်မြန်းလိုက်ပြီး အခန်းထဲဝင်လာသည့် အမဖြစ်သူကိုမြင်သွားရာ..
“ရှစ်ကျယ် ကျွန်တော်အဆင်ပြေရဲ့လား”
ရှစ်ကျယ်ကသေချာစွာ ခေါင်းစခြေဆုံးကြည့်ပြီးတော့..
“အားကျန့် အရမ်းချစ်စရာကောင်းတာပဲ။ဘာလို့ဒီလောက်ပြင်ဆင်နေတာလဲ။ဒါသာမာန်ညစာစားပွဲလေ”
“ညစာစားပွဲက သာမာန်ဆိုပေမယ့် ကျွန်တော့်ပါပါး Xiao ဥက္ကဌကသာမာန်မှမဟုတ်တာ”
“အင်းပါ အားကျန့်အစောကြီးပြီးနေတယ်။ မမကအခုမှရေချိုးပြီးတာ”
ထိုအခါရှောင်ကျန့်က သက်ပြင်းချလိုက်ပြီး
“မမတို့သားအဖကလည်းဗျာ ကြာလိုက်တာ”
“အားကျန့်က ဘယ်တုန်းကများဒီလိုတွေလိုက်ဖူးလို့လဲ။ အခုမှရုတ်တရက်တတ်ကြွနေတာဘာဖြစ်လို့လဲ”
“အာ...ဒီနေ့က ကျောင်းပိတ်တယ်လေ။ဟိုကောင်တွေကလာခေါ်ဦးမှာ ကျန့်မလိုက်ချင်လို့”
“အင်းပါ မမမြန်မြန်လုပ်လိုက်မယ်။ မမdryer လာငှားတာ ရုတ်တရက်ကြီး မမဟာကပျက်သွားလို့”
“ဟုတ်မမ”
ရှစ်ကျဲက dryer ကိုယူပြီးထွက်သွားသည့်တိုင် ရှောင်ကျန့်မှန်ကြည့်လို့မပြီးသေးပေ။
----------------
ရှောင်ကျန့်အသက် ၁၃ နှစ်အရွယ်က ပါပါးကုမ္မဏီကိုပထမဆုံးအကြိမ်လိုက်လာပြီး လမ်းပျောက်နေခဲ့သည်။ ထိုအချိန်မှာ အရမ်းခန့်ပြီး ချောတဲ့လူတစ်ယောက်ကိုသူမြင်လိုက်ရ၏။ ထိုလူကိုတွေ့တာနဲ့ သူ့စိတ်ထဲရင်းနှီးလိုစိတ်များဖြစ်ပေါ်လာသည်။ သူသည်ကုမ္မဏီမှာလမ်းပျောက်နေခြင်းကိုနဲနဲမှမတုန်လှုပ်ပါ။ သူထိုခန့်ချောချောလူကိုကကြည့်ကာ ခပ်ညစ်ညစ်လေးပြုံးလိုက်လေ၏။