part-2

1.6K 166 9
                                    

“ပါပါး ကျွန်တော်ကပါပါးရဲ့ တစ်ဦးတည်းသော အငယ်ဆုံးသားလေးပါ။ဒါကိုဘယ်လိုလုပ် မဂ်လာပွဲကို ခိုးကြောင်ခိုးဝှက်လုပ်ရတာလဲ”

“အဲ့ လိုမဟုတ်ရပါဘူး။ အခုကနှစ်ဖက်မိဘတွေနဲ့ ရှေ့နေလောက်သိရင် ရပြီလေ။ သားကအသက်မပြည့်သေးတော့ ဝမ်ရိပေါ်ဒုက္ခရောက်မှာစိုးရတယ်။ သူကအောင်မြင်နေတဲ့ လူတစ်ယောက်မဟုတ်လား”

“ဒါပေမယ့် လက်ထပ်ပွဲကိုအရမ်းမျှော်လင့်ထားတာ”

“တစ်နှစ်...မဂ်လာသက်တမ်းတစ်နှစ်ပြည့်ရင် ခမ်းခမ်းနားနားထပ်ပြီးလုပ်ပေးမယ်နော်”

“ဟွန်း”

အလိုမကျစူပုတ်နေသည့် သားဖြစ်သူကို ကြည့်ပြီးပြုံး‌လိုက်သည်။ တစ်နှစ်ဆိုလုံလောက်ပါပြီ။ ဒီအချိန်က စိတ်ကစားတဲ့ကာလကိုကုစားဖို့ လုံလောက်ပါတယ်။ ရှောင်ပါးက သူစီစဉ်ထားသည့်အတိုင်းနှစ်ဖက်မိဘတွေဖြင့်သာအကျဉ်းရုံးစီစဉ်ခဲ့လေ၏။ ဝမ်ရိပေါ်၏မိဘနှစ်ပါးကလဲ အမေရိကားကနေ ရောက်လာကာ မဂ်လာပွဲကိုအသိမှတ်ပြုပြီးတာနှင့် ပြန်သွားကြလေ၏။ ဝမ်ရိပေါ်မှာ မွေးချင်း အစ်ကိုနှင့်အမရှိပြီး သူတို့ကလည်း နိုင်ငံခြားမှာပင်ဖြစ်သည်။ မျိုးချစ်သည့်ရိပေါ်တစ်ယောက်တည်းသာ တရုတ်ပြည်မှာကျန်ခဲ့တာဖြစ်သည်။ ဘယ်လိုခေါ်ခေါ် ခေါ်မရခဲ့ပေ။
လက်ထပ်ပွဲတွင် ရိပေါ်၏မျက်နှာကမာကျော၍လည်းမနေသလို ဖော်ရွှေပြီးလည်းနူးညံ့မနေပါပဲပုံမှန်အတိုင်းသာဖြစ်တာကြောင့် ထိုခက်ထပ်ပွဲလေးကတိတ်ဆိတ်နေခဲ့သည်။ လက်ထပ်ပွဲလေးပြီးသွားသည်နှင့် ရှောင်ကျန့်က ဝမ်ရိပေါ်အိမ်၌နေခဲ့ရမှာဖြစ်တာကြောင့် ရှောင်ပါးက မျက်ရည်လည်စွဲဖြင့် တဖွဖွ မှာကြားနေတော့သည်။

“သားလေး ကျန်းမာရေးဂရုစိုက်နော်”

ဝမ်ရိပေါ်ခပ်စူးစူးတစ်ချက်ကြည့်လိုက်တော့ ရှောင်ပါးကချောင်းတချက်ဟန့်ကာ ပြန်ရန်နှုတ်ဆက်လေ၏။

*တစ်ကယ် လက်ထပ်တာမဟုတ်ပဲ ပိုပြနေတယ် ငါပညာပေးလိုက်မှ*

ဝမ်ရိပေါ်၏မျက်လုံးအဓိပ္ပါယ်ကိုသဘောပေါက်တာကြောင့် ကားပေါ်ခပ်သုတ်သုတ်တတ်သွားလေ၏။

Be Witched  {Completed}Where stories live. Discover now