ဆေးရုံကုတင်ပေါ်မှာမျက်ရည်စိုလက်စနှင့်မှိုင်တွေငေးနေသည့်မောင်ဖြစ်သူဟာ။မည်သို့မည်ပုံမျှနှစ်သိမ့်ပေးလို့မရပါ။သူမလည်းနားမလည်နိုင်ဖြစ်နေရသည်။လက်ထပ်ပြီးသားလူတစ်ယောက်ကိုယ်ဝန်ရတာကိုပါပါးကဘာကြောင့်များငိုကြီးချက်မဖြစ်နေရသနည်း။
ထိုစဉ်ရှောင်ပါးနှင့်ရိပေါ်အခန်းထဲသို့ဝင်လာလေရာ...
"Baby"
"ဟင်! Daddy ကျွန်တော့်ကိုလာခေါ်တာလား။ကျွန်တော့်ကိုမထားခဲ့ပါနဲ့"
ရိပေါ်၏ခန္တာကိုယ်ပေါ်ကိုပြေးခွကာဖတ်ထားသူကိုရှောင်ပါးတစ်ယောက်ရင်နာလွန်းလို့မကြည့်ပါ။
"Daddy ကbabyကိုအပြီးလာခေါ်တာ"
"အခုပြန်မယ်။အခုပြန်မယ်"
ရိပေါ်ကချီလျှက်သားနဲ့ပင်ကားပေါ်တင်ပြီးပြန်ခေါ်သွားလေ၏။ရှောင်ပါးကတော့သုန်မှုန်နေပြီး ရှစ်ကျဲဟာလဲအကြောင်းရင်းကိုသိချင်ပေမယ့်မမေးခဲ့ပါ။
-----
"Baby ကိုယ်ကားမောင်းဦးမယ်အောက်ဆင်း""Daddy ထားခဲ့မှာကြောက်တယ်"
ရိပေါ်ကပြုံးလိုက်ပြီးသူ့ပါးလေးကိုနမ်းလိုက်ကာ..
"ဒီတစ်ခါ ဘာအကြောင်းကမှကိုယ်တို့ကိုခွဲလို့မရတော့ဘူး"
"ကျွန်တော် daddy နဲ့ပဲတစ်သတ်လုံးနေချင်တာ"
"အင်း ကိုယ်ရောပဲ"
-----
Daddy အိမ်သို့ပြန်ရောက်သောအခါရှောင်ကျန့်စိတ်ထဲအေးချမ်းသွားရလေသည်။သို့ပေမယ့်လူကပင်ပန်းနေတာကြောင့် ရောက်ရောက်ချင်းအိပ်ယာထဲသို့သာဝင်အိပ်လိုက်သည်။"အဆင်ပြေရဲ့လား baby"
"ရင်ထဲမှာတစ်မျိုးကြီးပဲ။နေလို့မကောင်းဘူး"
"Daddy ဗိုက်လေးကိုပွတ်ပေးမယ်နော်မျက်လုံးလေးမှိတ်ထားလိုက်"
ရှောင်ကျန့်ကခေါင်းလေးငြိမ့်ကာမျက်လုံးလေးမှိတ်ထားလိုက်ပြီးဗိုက်လေးအားပွတ်သပ်ရင်း..
"ကိုယ်မယုံနိုင်ဘူး babyကကိုယ့်ကလေးလေးကိုလွယ်ထားတယ်"
"တူတူပဲ၊daddy ပျော်လားဟင်!"