မိုးချုပ်နေပြီညစာမစားရသေးတဲ့အတွက် ရှောင်ကျန့် ညစားစာရန်လိုအပ်လာပြီ။ဒါကြောင့် တံခါးကိုဖွင့်လိုက်စဉ်..
“အိမ်ပြန်လိုက်ခဲ့”
“ဟင်!”
ဘယ်ကတည်းကရောက်နေမှန်းမသိတဲ့ ရိပေါ်ကသူအပြင်ထွက်တော့မှ အသံပြုလာတာကြောင့်လန့်သွားရသည်။
“ဘာ ဘာလာလုပ်တာလဲ။မလိုက်ဘူး အချိန်တန်ရင် ကိုယ့်အဖေအိမ်ကို ကိုယ်ပြန်မှာ”
“daddy ပြောတာနားထောင်ဦး”
“ကျွန်တော် ဗိုက်ဆာနေပြီ”
ရှောင်ကျန့်က ခပ်သုတ်သုတ်ထွက်သွားတော့ ရိပေါ်လည်းအနောက်မှ လိုက်သွားလေ၏။
“daddy မုန့်ဝယ်လာတယ်!”
“မစားဘူး”
ရိပေါ်ကသူ၏လက်ကလေးကို ဆက်ကနဲဆွဲလိုက်ပြီး..
“ကိုယ်နဲ့ပြန်လိုက်ခဲ့ baby နဲ့မခွဲနိုင်ဘူး”
ရှောင်ကျန့်ဟက်ကနဲ့တစ်ချက်ရာယ်လိုက်သည်။ ဘာတွေလိမ်စဉ်တွေထည့်ဦးမလို့လဲဆိုတာ သိချင်တာကြောင့် သူ့ကားပေါ်ကိုလိုက်လာခဲ့လေ၏။ ကားပေါ်တွင်နွားနို့နှင့်ပီစာ အသင့်ပါလာတာမို့ ဘာမှပြောမနေပဲ ထိုင်စားနေလိုက်ရာ ရိပေါ်ကကားကိုသာဂရုတစိုက်မောင်းထွက်သွားလေ၏။ အိမ်ထဲရောက်သည့်နှင့် ရှောင်ကျန့်ကခုံမှာထိုင်လိုက်ပြီး သူ့အားဂျစ်ကန်ကန်ကြည့်ကာ..
“daddy အစီစဉ်တွေပြောပါဦး”
“မင်းအဖေရဲ့ ယုတ္တိမရှိတဲ့စာချုပ်၊အဲ့စာချုပ်ထဲကလုပ်ငန်းတန်ဖိုး အဲ့တာတွေကိုမက်မောနေတယ်ထင်တာလား”
“ဒါပေမယ့်daddy သဘောတူခဲ့တာပဲလေ”
“အဲ့တာ မင်းနားမှာခဏလေးပဲဖြစ်ဖြစ် ရှိချင်လို့လေ....”
ရှောင်ကျန့်က ခေါင်းကိုတစ်ဖက်လှည့်ထားလေ၏။
“မင်းပါပါးပြောသလိုမင်းကစိတ်ကစားတယ်ဆိုဘယ်လိုလုပ်မလဲ။ မင်းတစ်ကယ်ချစ်တဲ့လူတွေ့လာခဲ့ရင် daddy နဲ့ပတ်သက်မှုက မင်းအတွက်အမဲစက်ကြီးဖြစ်နေလိမ့်မယ်”
“ခင်ဗျား ညာနေတာ”
ရှောင်ကျန့်က သူ့အားမကြည့်ပဲ မျက်ရည်တွေကျနေလေ၏။