“ကျန့်ကျန့် မင်းဆေးလိပ်တွေသောက်နေတယ်”
ရှောင်ကျန့်ကျောင်းမလာသဖြင့် သွားနေကျဆိုင်လေးမှာရှိမလားဆိုပြီး ယမ်ယမ်လိုက်ရှာနေရာမှ ထိုဆိုင်ရှေ့ကခုံမှာ ဆေးလိပ်သောက်နေသောရှောင်ကျန့်ကိုတွေ့လိုက်ရတာဖြစ်သည်။
“မင်းဘာအဆင်မပြေတာရှိလို့လဲအဲ့လိုတော့မလုပ်ပါနဲ့ကွာမင်းကဒီလိုလူမှ မဟုတ်တာ”
“ငါ ကွာရှင်းတော့မှာ ”
“ဘာ ပြောပါဦးငါ့ကို”
--------
အသက်18 နှစ်မပြည့်သေးလို့ လင်မယားလိုမနေနိုင်ဘူးဆိုတဲ့လူကြီးက သူအသက်18 နှစ်ပြည့်ပြီးတဲ့နေ့မှာ သိသိသာရှောင်လာတယ်။ ညဆိုလည်း နောက်ကျမှပြန်ရောက်တယ် မနက်ဆိုလည်း ဘယ်အချိန်ထသွားမှန်းတောင်မသိဘူး။ ဒါဟာဒီကိစ္စကိုတမင်ရှောင်လွှဲချင်တယ်ဆိုတာသိသာနေတာပဲ။ ရှောင်ကျန့် ကယမ်ယမ်ကို နာကျင်စွာဖြင့်ပြောပြသည်။
“ဒါ ဒါဆိုမင်းတို့က ဒီအတိုင်းပဲ..”
“ဟုတ်တယ် သူလဲ ပင်ပန်းနေပုံပဲ ငါနဲ့မျက်နှာချင်းတောင်မဆုံတော့ဘူးဒါပေမယ့်ငါကြောက်နေတယ်”
“ဘာကိုလဲ”
“ငါ့ရဲ့ကွာရှင်းခွင့် ကိုအလွယ်တကူလက်ခံလိုက်မှာ အရမ်းကြောက်နေတယ်”
“ကျန့်ကျန့် သူမင်းကိုမချစ်ပဲနဲ့တော့ အတူမနေလောက်ပါဘူး။ ငွေနဲ့အလုပ်လုပ်ရအောင်လဲ သူကချမ်းသာတဲ့လူလေ”
“တစ်ခုခုဆော့ရှိတယ် ယမ်ယမ် ငါအခုပဲ သူ့ကုမ္မဏီလိုက်သွားမယ်”
---------
“Boss , Mr xiao သားရဲ့ ပြိုင်ကားက ကုမ္မဏီရှေ့က အလှပန်းအိုးတွေကိုအကုန်ဝင်တိုက်ထားတယ်။ပြီးတော့ တားလို့မရဘူး ရုံးခန်းထိတတ်လာပြီ”ပြာပြာသလဲဝင်လာသည့် အတွင်းရေးမှုးကြောင့် ဝမ်ရိပေါ်မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး..
“သူ့ကိုလွှတ်ထားလိုက်”
“ဟုတ် ဟုတ်ကဲ့ boss”
အတွင်းရေးမှူးထွက်သွားပြီး မကြာခင်မှာပဲတံခါးစောင့်ဖွင့်ခြင်းနှင့်အတူ..